Ep - 8

6K 791 36
                                        

ညအိပ်ခါနီးတိုင်း လုပ်နေကျအတိုင်း Baekhyun တစ်ယောက် အိပ်ယာပေါ် ခြေလေးဆင်းထိုင်ရင်း ငြိမ်ငြိမ်လေး ရေဒီယိုလိုင်းဖမ်းနေသည်။ မုန်တိုင်းရှိလို့ မိုးသည်းကြီးမည်းကြီး ရွာနေတာကြောင့် ရေဒီယိုလိုင်းတွေသာမက ဖုန်းလိုင်းတွေပါ ပျောက်နေ၏။

"ကျွတ်"

Baekhyun ရေဒီယိုကို စိတ်အလိုမကျစွာ အိပ်ယာဘေးစင်ပေါ် ပြန်ထားလိုက်ရင်း စောင်ခြုံထဲဝင်ကာ မျက်နှာကြပ်ကိုပင် စူစူပုတ်ပုတ်နှင့် ကြည့်နေမိသည်။

"Baekhyun ဘာဖြစ်လို့လဲ"

ညအိပ်ဝတ်စုံလဲပြီး ထွက်လာသော Chanyeol က သူ့မျက်နှာထားကိုမြင်တော့ ဘေးမှာဝင်လှဲလိုက်ရင်း မေးသည်။

"ရေဒီယိုလိုင်းလည်း မမိဘူး"

Baekhyun ညတိုင်း ရေဒီယိုနားထောင်ရင်းအိပ်တတ်မှန်း Chanyeol လည်းသိသည်။

"ငါ အဲ့အသံမရှိရင် အိပ်မပျော်ဘူး"

"ဒါဆို ကျွန်တော် စကားပြောပေးမယ်လေ"

စိတ်လိုလက်ရ ကမ်းလှမ်းလာသော Chanyeol စကားကြောင့် Baekhyun ပြတင်းပေါက်အပြင်ဘက်ကို ငေးနေရာမှ လှည့်ကြည့်လိုက်၏။

"မင်း အလုပ်က ပင်ပန်းလာမှာကို…ရပါတယ်…ငါ အရမ်းအိပ်ချင်လာရင် အိပ်ပျော်သွားမှာပေါ့"

"ကျွန်တော်တို့ Camp ထွက်တုန်းကတောင် Baekhyun အိပ်မပျော်ဘူးမလား"

အဲ့တုန်းက Baekhyun တကယ်ပင် အိပ်မပျော်ခဲ့တာမို့ ဘာမှပြန်မပြောနိုင်ဘဲ တိတ်နေမိသည်။

အခန်းထဲ ခဏလောက် တိတ်ဆိတ်နေပြီးမှ Chanyeol က စကားစလာသည်။

"ကျွန်တော်တို့ ပထမဆုံးတွေ့တုန်းက ဆောင်းရာသီ…"

Chanyeol က အကုန်လုံးကို မျက်စိထဲမြင်ယောင်နေသလို ပြုံးနေသည်။

"ကျောင်းဝင်းထဲက ရေကန်ကြီးနားမှာ"

နည်းနည်းအေးစိမ့်စိမ့် ဖြစ်နေတဲ့ ရာသီဥတုကြောင့် Baekhyun စောင်ကို နှာခေါင်းဖျားလေးထိ ဆွဲယူခြုံလိုက်ရင်း Chanyeol ပြောနေသည်ကို သေချာနားစိုက်ထောင်လိုက်သည်။

--------

မေဂျာစားပွဲမှာ စားကြသောက်ကြနဲ့မို့ အိမ်ပြန်ချိန်ကျ Baekhyun တော်တော်လေးမူးနေသည်။ Chen ကတော့ Xiumin နဲ့ Date ရှိလို့ဆိုပြီး မလာသဖြင့် Baekhyun တစ်ယောက်တည်း ဒယိမ်းဒယိုင်ဖြင့် ကျောင်းဝင်းထဲပြန်ဝင်လာသည်။ အဆောင်ဂိတ်က ပိတ်ချိန်ရှိပေမဲ့ အခုမှ ရှစ်နာရီကျော်ရုံလေးရှိသေးတာမို့ ကိစ္စမရှိ။

I'm In Love With YouWhere stories live. Discover now