Chanyeol နဲ့ Jongdae နှစ်ယောက်သား မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေပေမဲ့ ကျွန်တော်နဲ့ Minseok ကတော့ ဧည့်ခန်းမှာအခန့်သား TV ထိုင်ကြည့်လျှက်။
Minseok ကိုရီးယား ခဏပြန်လာတုန်းလေး လေးယောက်စုံပြီး တစ်ခုခုစားကြမလို့ စီစဉ်နေခြင်းပင်။ ဘာမှမချက်တတ် မပြုတ်တတ်တဲ့ ကျွန်တော်တို့နှစ်ယောက်ကို ဝင်ကူခွင့်တောင်မပေးဘဲ အတင်း TV ကြည့်ခိုင်းထားသောကြောင့် နှစ်ယောက်သား စိတ်မပါလက်မပါနှင့် ထိုင်နေမိကြသည်။
"Baekhyun အခု နည်းနည်းပါးပါး ပြန်သတိရလာပြီလား"
TV ထဲ စိတ်မဝင်စားတဲ့အဆုံး Minseok က ကျွန်တော့်ဘက်လှည့်လာပြီး စကားစသည်။
Baekhyun ခေါင်းသာ အသာခါပြလိုက်မိ၏။
"ရေးရေးလေးတောင် ပြန်မှတ်မိတာ မရှိဘူး"
"နောက်ထပ်ကြာရင်တော့ မှတ်မိလာမှာပါ…အခုက ဘယ်လောက်မှရှိသေးတာလည်း မဟုတ်ဘူး"
"မျှော်လင့်ရတာပဲ…"
"Chanyeol နဲ့တော့ အဆင်ပြေတယ်မလား"
Minseok မျက်နှာက ပြုံးလျှက်ရှိနေသည်။
"အင်း…သူက အစစအရာရာ ဂရုစိုက်ပေးတော့ ပြသနာတော့မရှိပါဘူး…အဆင်ပြေတယ်…ဒါပေမဲ့ တစ်ခါတစ်ခါကျ သူဂရုစိုက်ပေးနေသလောက် ငါက သူ့အကြောင်း သေချာမမှတ်မိတော့ နည်းနည်းတော့ နေရခက်တယ်…"
"မင်း မမှတ်မိရင်တောင် အချစ်ကတော့ မှတ်မိမှာပါ"
"ဟင်"
Minseok စကားကြောင့် ကျွန်တော်နားမလည်စွာ ပြန်မေးမိသည်။ သူ ဘာကိုဆိုလိုချင်တာလဲ။
"ငါ Chanyeol ကို… ချစ်ခဲ့လို့လား…"
Minseok က ပြုံးပြီးခေါင်းခါသည်။
"ဒါဆို ဘာလို့…"
"Min Seokie kie~~!"
နောက်ကနေ ထွက်ပေါ်လာသော Jondae ၏ ချွဲပစ်ပစ်ခေါ်သံအဆုံးမှာ MinSeok ချက်ချင်းထထွက်သွားတာမို့ Baekhyun တစ်ယောက်သာ နေရာမှာ အတွေးတို့စုပြုံပြီး ကျန်ရစ်ခဲ့တော့သည်။
"Baekhyun…ထမင်းစားရအောင်"
ကိုယ်တိုင်ရှေ့ထွက်လာပြီး အပြုံးနဲ့ခေါ်တဲ့ Chanyeol ရဲ့ မျက်နှာက အမြဲတမ်းလိုပင် ကြည်လင်နေသည်။ ခေါင်းညိတ်ရင်း Chanyeol အပြုံးကို တုံ့ပြန်မိလိုက်သည့် တခဏ Baekhyun စိတ်တို့ပါ ကြည်လင်သွားကာ ခုဏကတွေးနေသည်များအား ချက်ချင်းမေ့သွားတော့သည်။
KAMU SEDANG MEMBACA
I'm In Love With You
Romansaချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။