Ep - 5

6.8K 925 105
                                    

မနက်ခင်း Baekhyun နိုးထလာသည်က မီးဖိုခန်းထဲမှာ မနက်စာပြင်ရင်း သီချင်းညည်းနေသော Chanyeol အသံဖြစ်သည်။

"ကောင်းကင်ကို ကျိန်ဆိုပြနိုင်ပါတယ်…မင်းရှိနေလို့ ပျော်ရတယ်ဆိုတာ"

Baekhyun အခန်းထဲက ထွက်ပြီး မီးဖိုခန်းဆီ လျှောက်လာတာနဲ့အတူ Chanyeol အသံကပိုပြီး ကြည်လင်ပြတ်သားလာသည်။ သူများတွေလိုချိုတဲ့ အသံမျိုးမဟုတ်သော်လည်း Chanyeol အသံက ခပ်သြသြလေးနှင့် တစ်မျိုး နားထောင်လို့ကောင်းနေသည်။

"တစ်ရက်ကို 10 ကြိမ်လောက် ပြောပေးနိုင်မလား…'ချစ်တယ်' လို့…ငါ့ကို ပြောပေးနိုင်မလား…24 နာရီလုံး ဒီတစ်ခွန်းပဲ ပြောနေလည်း သဘောကျနေမိမှာပဲ…ချစ်တယ်…I Love You…"

Baekhyun ကိုယ့်ကိုယ်ကိုပင် မသိလိုက်ဘဲ ရပ်နားထောင်းနေမိသည်။ Chanyeol သတိထားမိသွားမှာစိုးလို့ အသံလည်းမထွက်မိ။

"ကံကောင်းမှု…ပျော်ရွှင်မှု ဆိုတာတွေလည်း ငါ့အတွက်တော့ မင်းမှမရှိရင် မဖြစ်တည်နိုင်တာ…"

"တစ်နေ့မှာတော့ ငါ့ချစ်သူ ဖြစ်ပေးမလား…ငါ့နှလုံးသားထဲမှာပဲ အမြဲနေပေးနိုင်မလား…24 နာရီလုံး မင်းတစ်ယောက်တည်း ကြည့်နေရမယ်ဆိုရင်တောင် သဘောကျနေမိမှာ…မင်းကိုချစ်တယ်…I Love You…"

တီးလုံးတွေလိုက်ငြီးနေရင်း ပန်းကန်တွေချဖို့ ဒီဘက်ကိုလှည့်လိုက်တဲ့အခါမှာတော့ Chanyeol သူ့ကို မြင်သွားတော့သည်။

"Baekhyun နိုးပြီလား"

Chanyeol ကတော့ သူ့ထုံးစံအတိုင်း မနက်ခင်းတည်းက ကြည်လင်ပြုံးရွှင်လို့နေသည်။

Baekhyun ခေါင်းညိတ်ပြရင်း စားပွဲမှာ အသာဝင်ထိုင်လိုက်သည်။

ကင်မ်ချီ ထမင်းကြော်အနံ့က မစားရသေးခင်ပင် အတော်လေး အရသာရှိနေပြီဖြစ်သည်။

ပန်းကန်လုံးလေးထဲ Baekhyun အတွက်ခွဲထည့်ပေးပြီး ဇွန်းနဲ့အတူ သူ့ရှေ့လာချပေးတဲ့ Chanyeol ကို ကျေးဇူးတင်စကား ခပ်တိုးတိုးပြောလိုက်ပြီး ချက်ချင်းပင် တစ်လုတ်ခပ်စားလိုက်မိသည်။

အရသာကတော့ ပြောစရာပင် မလို။ Chanyeol ချက်ကျွေးတာတွေစားနေတဲ့ နှစ်လအတောအတွင်း Baekhyun အတော်လေးပင် ဝိတ်တက်လာသည်။

I'm In Love With YouOpowieści tętniące życiem. Odkryj je teraz