သုံးရက်။ ထို့နေ့ကစပြီး သုံးရက်ရှိခဲ့ပြီဖြစ်သည်။
သုံးရက်လုံး Baekhyun အိမ်ထဲက အိမ်ပြင်မထွက်ဘဲ ဘယ်ကဘယ်လို အခုလိုအခြေအနေရောက်သွားလဲ အပြင်းအထန်ကို စဉ်းစားနေမိသည်။ Chanyeol က ဘာလို့များ ရုတ်တရက်ကြီး လမ်းခွဲချင်သွားရသလဲ Baekhyun လုံးဝနားမလည်ပါ။
တစ်နေကုန် တွေဝေငေးမောနေတဲ့ Baekhyun အနားမှာ Jongdae ကတော့ လာနေပေးရှာပါသည်။ ဘာတွေဖြစ်လဲ Baekhyun ဘာမှမပြောပေမဲ့ သိနေသည့်ပုံပင်။ ဘာမေးခွန်းမှ မမေးဘဲ ဘေးမှာ ဒီတိုင်းရှိနေပေးခြင်းသာ။
"Baekhyun ငါ ဒီမှာ မင်းကြိုက်တဲ့ဟင်းတွေ ဝယ်လာတယ်…နည်းနည်းလာစားပါလား"
ပြောရင်းဆိုရင်းနဲ့ပင် JongDae က ဟင်းတွေကို ပန်းကန်ထဲထည့်နေပြီဖြစ်သည်။ အိမ်မှာက အမေလည်း ဘယ်အချိန်တည်းက ဘယ်ထွက်သွားမှန်းမသိတာမို့ JongDae နှင့် သူသာရှိသည်။ အမေကလည်း အိမ်မှာမရှိတာဘဲ ကောင်းပါသည်။ မဟုတ်ရင် Baekhyun ဖြစ်နေတဲ့ပုံကို ကြည့်ပြီး ပြောဆိုနေဦးမှာပင်။
"စားချင်စိတ်မရှိသေးဘူး…"
"မင်း မနက်တည်းက ဘာမှမစားရသေးတာလေ…အဲ့လိုနဲ့ ဗိုက်အောင့်လိမ့်မယ်နော်"
ဘာမှပြန်မဖြေဘဲ ဆက်ပြီး ငူငူကြီးထိုင်နေသည့် Baekhyun နားကို Jongdae ချက်ချင်းရောက်လာပြီး လက်မောင်းကနေ အတင်းဆွဲတော့သည်။ ငြင်းနေလည်းမရ အတင်းကိုပဲ စားပါ စားပါ နှင့် ဆွဲနေသောကြောင့် Baekhyun တစ်ယောက် ယက်ကန်ယက်ကန်နဲ့ ထမင်းစားပွဲဆီ ပါလာတော့၏။
"ငါးဇွန်းပဲစားကွာ နော်"
Baekhyun ကတော့ Jongdae ပြောသမျှ ဘာမှမကြားတော့ဘဲ သူ့ရှေ့က ငါးကင်ကြီးကိုသာစိုက်ကြည့်နေမိသည်။ Chanyeol နဲ့ အတူ Camp ထွက်တုန်းက Chanyeol ကင်ကျွေးဖူးသော ငါးကင်ကို သတိရမိသွား၍ဖြစ်သည်။
"Baekhyun?……Baekhyun?!"
ဘာအဖြေစကားမှ ပြန်ထွက်မလာပေမဲ့ Baekhyun ပါးပြင်ပေါ်ကိုတော့ မျက်ရည်တွေက စီးကျလို့လာ၏။
"ငါ……"
တစ်ဆို့နေသော ခံစားချက်တွေကြောင့် မျက်ရည်တွေက မရပ်မနားကို ကျဆင်းလို့နေသည်။ ငိုရလွန်း၍ Baekhyun စကားတောင် ကောင်းကောင်းမပြောနိုင်ဘဲ ရှိုက်နေရသည်။
BINABASA MO ANG
I'm In Love With You
Romanceချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။