ဟောပြောပွဲပြီးလို့ ကျောင်းဆောင်အပြင် ပြန်ထွက်လာတော့မှ ကျောင်းဝင်းကြီးကို Chanyeol သေချာကြည့်မိသည်။ ကျောင်းတောင်ကြီးက အရင်တုန်းကအတိုင်း မပြောင်းလဲသေးပေ။ ကျောင်းသားတွေ အဝင်အထွက်နဲ့ ရှုပ်နေသော ကျောင်းပေါက်ဝကိ ကြည့်မိတော့ Baekhyun ကို သတိရမိပြန်သည်။
မနက်တိုင်း ကျောင်းပေါက်ဝမှာ Baekhyun အလာကို စောင့်ပြီး သူ့အတန်းထိ လိုက်ပို့ရခြင်းက တက္ကသိုလ်ကျောင်းဘဝ Chanyeol အတွက်တော့ ပျော်ရွှင်မှုတစ်ခုပင်။ များသောအားဖြင့် Baekhyun က ပုံမှန်ပဲ သူပြောသမျှ နားထောင်လေ့ရှိပေမဲ့ တစ်ခါတစ်ခါ စိတ်ကြည်နေ၊ စိတ်ပျော်နေတဲ့နေ့မျိုးဆို သူကအရင် စကားတွေပြောပြီး အသံထွက်အောင် ရယ်နေတတ်သည်။ ထိုအခါ Chanyeol ကမ္ဘာကြီး ခဏလောက်ရပ်တန့်ငေးမောသွားရသည်။
"ကျွန်တော် စာကြည့်တိုက်ခဏဝင်မှာမို့ ကားထဲမှာပဲစောင့်နေလိုက်"
အတွင်းရေးမှူးကို တစ်ချက်လှမ်းပြောလိုက်ပြီး ခြေလှမ်းတွေကို စာကြည့်တိုက်ဆီ ဦးတည်လိုက်သည်။
မနက်ပိုင်းအချိန်တွေပဲ ရှိသေး၍လားတော့မသိ။ စာကြည့်တိုက်မှာ လူအတော်လေး ရှင်းနေသေးသည်။
စာကြည့်တိုက်နဲ့ music room က သူနှင့် Baekhyun ပုံမှန် date လုပ်ဖြစ်သောနေရာဖြစ်သည်။ Chanyeol က ဟိုဟိုဒီဒီသွားချင်ပေမဲ့ Baekhyun က အပြင်ထွက်ပြီးလည်ရတာ မကြိုက်ဘူး လို့ဆိုလာတာနဲ့ သူတို့နှစ်ယောက် ဆုံနေကျနေရာဟာ ဒီနေရာနှစ်ခုဖြစ်လာခဲ့သည်။
စာကြည့်တိုက်၏ နောက်ဆုံးပြတင်းပေါက်နားက စားပွဲစွန်းက သူတို့နှစ်ယောက် အမြဲထိုင်နေကျ နေရာဖြစ်သည်။ တခြားစုံတွဲများလို Chanyeol နဲ့ Baekhyun က ဘေးချင်းကပ်ပြီး ပူးထိုင်လေ့မရှိ။ အမြဲတမ်း မျက်နှာချင်းဆိုင်သာထိုင်သည်။ Baekhyun က သူ့ဘေးအရမ်းကပ်ထိုင်တာ မကြိုက်၍ဖြစ်သည်။ အမှန်တော့လည်း Chanyeol စိတ်ထဲ မျက်နှာချင်းဆိုင်ထိုင်ခြင်းက သိပ်မဆိုးလှဟု ထင်သည်။ စာဖတ်နေတဲ့ Baekhyun မျက်နှာကို စိတ်ကြိုက်ထိုင်ကြည့်နိုင်သည်မလား။
Chanyeol သူ့ကိုကြည့်နေမှန်း သိပေမဲ့လို့ Baekhyun ကတော့ ဘယ်တော့မှ မော့မကြည့်လာပါ။ Chanyeol သဘောကျမိသော Baekhyun ၏ အကျင့်တွေထဲက တစ်ခုဖြစ်သည်။ Baekhyun ကအကြောတင်းပြီး စိတ်မာသည်။ ဒါကိုပဲ မတောင်းဆိုဘဲ နားလည်ပေးပြီး ချစ်နေရသည်ကို Chanyeol သဘောကျသည်။ သူချစ်နေသည့်သူက Baekhyun မဟုတ်ပါလား။
![](https://img.wattpad.com/cover/140740853-288-k569424.jpg)
ESTÁS LEYENDO
I'm In Love With You
Romanceချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။