- THE FIRST KISS -Chanyeol ခေါ်လာသည့်နေရာက သစ်တောလိုဟာမျိုးလေးထဲဖြစ်သည်။ Camp ထွက်နိုင်အောင် သေချာပြုပြင်ထားပေးသော နေရာလေးဖြစ်ပြီး မနီးမဝေးမှာ စမ်းချောင်းလေးတစ်ခုရှိသည်။ Baekhyun တို့နှင့် ခပ်လှမ်းလှမ်းတွင် အခြားတဲလေးများကို ကွက်ကြားကွက်ကြားတွေ့နေရသည်။ weekdays ဖြစ်တာမို့ လူကတော့ ရှင်းလင်းနေ၏။
ဘယ်သွားသွား၊ ဘယ်ရောက်ရောက်၊ ဘာလုပ်လုပ် Chanyeol နှင့် အတူဆိုလျှင် Baekhyun အလုပ်က 'ရပ်ကြည့်ခြင်း' ဖြစ်သည်။ ထူးဆန်းသော Park Chanyeol သည် Baekhyun ကူလုပ်ပေးလျှင် နည်းနည်းမှ မကြိုက်။ အခုလည်း ကားနောက်ခန်းထဲက အထုပ်တွေချနေသော Chanyeol ကို Baekhyun တစ်ယောက် ယပ်လေးခပ်ရင်း ရပ်ကြည့်နေရသည်။
"အဲ့တာတွေက ဘယ်အချိန်သွားထည့်လိုက်တာလဲ"
ကားပေါ်မှာ အစုံကိုပါသည်။ tent ရော၊ ခေါင်းအုံးတွေရော၊ စောင်တွေရော၊ ဂတ်စ်မီးဖိုရော။ အင်္ကျီတွေနှင့် ငါးဖမ်းပိုက်တောင် ပါသေးသည်။
"အတွင်းရေးမှူး Kim ကို စီစဉ်ခိုင်းထားတာ"
အထုပ်တွေချပြီး tent ဆင်တဲ့တိုင်တွေဆက်တဲ့ အခါကျ သူတစ်ယောက်တည်း လုပ်မရတော့ ဝိုင်းကူပေးရသည်။ နောက်တော့ Tent အတွင်းထဲ အခင်းတွေခင်းခေါင်းဦးတွေနဲ့ ညဘက်အေးရင်ခြုံဖို့ စောင်တွေချရသည်။ နောက်တော့နှစ်ယောက်လုံး အိမ်နေရင်း ဘောင်းဘီတိုလေးတွေလဲပြီး ငါးဖမ်းဖို့အတွက် စမ်းချောင်းထဲ ဆင်းကြသည်။
တစ်ခါမှ ငါးမဖမ်းဖူးသောကြောင့် နှစ်ယောက်သား အတော်လေးကြာတဲ့အထိ ဘူပိတ်နေပြီး ငါးတစ်ကောင်မှမရသေးချေ။ နောက်ထပ်နည်းနည်းလောက်ကြာလာတော့ Chanyeol က အထာနပ်သွားပြီး တစ်ကောင်ဖမ်းမိသွားသည်။ Baekhyun ကတော့ မိတော့မယ်ထင်လို့ ပိုက်ကွန်ကို မ,လိုက်ရင်း ငါးကလွတ်သွားရင်းပင်။
"ငါးတွေက လူလည်တွေ"
ဘယ်လိုဖမ်းဖမ်း ဖမ်းလို့မရတဲ့အဆုံး Baekhyun ဂျစ်ကန်ကန်ပြောမိသည်။
ပုံးထဲတွင်တော့ Chanyeol ဖမ်းထားသော ငါးသုံးကောင်ရှိနေပြီး Baekhyun ကတော့ ခုထိ တစ်ကောင်မှမမိသေး။

ŞİMDİ OKUDUĞUN
I'm In Love With You
Romantizmချစ်နေရတဲ့ တစ်ယောက်တည်းသောသူဟာ ကျွန်တော်ပဲဖြစ်နေမယ်ဆိုရင်တောင် ကျွန်တော်ကတော့ Baekhyun ကို အမြဲတမ်း ချစ်ချင်ပါတယ်...။