Unicode>>>
''oppa...''
''wae...''
အပြင်ကပြန်လာလာချင်း အခန်းထဲဝင်လာကာ ဆူဆောင့်ကာခေါ်လိုက်သော ညီမဖြစ်သူ Gar Young အသံကြောင့် sofaတွင်ထိုင်ကာ game ဆော့နေသော jongin စိတ်မပါလက်မပါပြန်ထူးမိသည်။
''oppa လို့ဆို''
''wae yo~''
''ငါ့ကို oh sehun စကားလိုက်ပြောပြန်ပြီလို့''
''တရက်လောက်လက်ခံပြီးစကားပြောပေးလိုက်စမ်းပါဟာ ရည်စားစကားပြောခံရတာကိုအစမ်းလုပ်ပြီးငါ့လာလာမပြောနဲ့ဟာ''
ဟုတ်တယ် ထို Kim Gar Young သည်တက်နေသည်က အထက်တန်းနောက်ဆုံးနှစ်။
အမှန်အတိုင်းပြောရရင် ဒုတိယနှစ်ကျောင်းသားကျနော့်ထက်တောင်စွံသေးသည်။တစ်နေ့တစ်နေ့ရလိုက်တဲ့စာတွေလက်ဆောင်တွေဆိုတာမမြင်ချင်မှအဆုံး။ပြီးတော့ Oh Sehun ကကျနော်တို့ uni ကမဟာတန်းကစာအတော်ဆုံးကျောင်းသား ကျနော့်အချေညီမ kim gar young ၏ crush။ထို ထို ဂုဏ်ပုဒ်တို့ကိုပိုင်ဆိုင်ထားသော oh sehun က gar young ကိုစကားလိုက်ပြောသည်မှာ တစ်လလောက်တော့ရှိပေမည်။ပထမဆုံးနေ့ကစကားလိုက်ပြောသည်ကို ပြန်မပြောရဲဟူသောအကြောင်းပြချက်နှင့်ချေလွှတ်လိုက်သတဲ့။ထိုနေ့က ငိုမလိုရီမလိုရုပ်နှင့်ကျနော့်အားလာပြောခဲ့သည်။အဲ့နေ့နောက်ပိုင်းတလျှောက် ခုလိုမျိုးကနေ့တိုင်းနီးပါး။''ဒီနေ့တော့ပြောလာတယ်''
''ပြီးရောမလား''
''anniya...''
ပြောပြောဆိုဆို ကျနော်ထိုင်နေသောsofaရှေ့ကိုဖျတ်ကနဲဝင်ထိုင်ရင်း ကျနော့်ကိုတည့်တည့်စိုက်ကြည့်လာသည်''
''ya.....ငါ့ကိုဘယ်လိုကြည့်နေတာလဲ''
''ငါလည်းအ့ကိုစဉ်းစားနေတာ''
''Kim Gar Young စကားကောင်းမပြောရင်သွားတော့''
''ပြောမှာပါ oppa ကလည်း''
''sehun oppa က...''
''...''
''oppa!!!!"
ဒေါက်~~
စူးကနဲ ထွက်လာတဲ့အသံကြောင့် လက်ထဲgame ဆော့လက်စ i pad လေးကကြမ်းပြင် နှင့်မိတ်ဆက်သွားရသည်။

YOU ARE READING
Into My World
FanfictionWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]