Unicode>>>>>
ရွာငယ်လေးတစ်ခု၏ကမ်းခြေ၌
ညနေစောင်းအချိန်မို့ ပင်လယ်ထွက်ရာမှပြန်လာသူတွေ ကမ်းနားဘေးလမ်းလျှောက်သူတွေနှင့် ကမ်းခြေလေးကအတန်အသင့်တော့စည်ကားလျက်ရှိသည်။
ပင်လယ်ဘက်သို့တိုးထွက်နေသောကျောက်စွန်းလေးတစ်ခုပေါ်တွင်ထိုင်နေသောကောင်လေး တစ်ယောက်
ခပ်လှမ်းလှမ်းကမ်းခြေမှ လွင့်ပျံနေသောအသံတို့သည်လည်း သူနှင့်မသက်ဆိုင် သကဲ့သို့ပင်....သူထိုင်နေရာကျောက်ဆောင်ခြေရင်းသို့လာလာရိုက်ခတ်သောလှိုင်းလုံးငယ်တို့ကို အသက်မဲ့နေသောမျက်ဝန်းတို့ဖြင့်ခပ်ဆွေးဆွေးငေးကြည့်နေသည်။
ကျောင်းဆင်းချိန်တည်းက သည်နေရာတွင်လာထိုင်နေဟန်တူသော ထိုအသားဖြူဖြူပိန်ပိန်ပါးပါးကောင်လေး၏ ကျောင်းဝတ်စုံလေးကိုကြည့်ခြင်းအားဖြင့် အထက်တန်းပထမနှစ်ကျောင်းသားဖြစ်ဟန်တူသည်။
မျက်နှာနုနုလေးကား ထိန်းချုပ်ထားရသောခံစားအချို့ရှိသည့်နှယ် အရွယ်ကလေးနှင့်ပင်မလိုက်ဖက်သော ဝန်တစ်ခုထမ်းပိုးထားရဟန်တူသည်။
လွှတ်ချဖို့အတွက်မည်သည်ကိုဖြစ်ဖြစ်လုပ်လိုက်မည့် ဟန်လေးလည်းရှိနေသည်။
မကြာလှသောအချိန်လေးမှာပဲ မတ်တပ်ထရပ်လိုက်သော ကောင်လေး
မျက်စိရှေ့ရှိပင်လယ်ပြာပြာကို မျက်ဝန်းသေတို့နှင့်ငေးမောလျက်
ရှေ့ခြေတစ်လှမ်းတိုးစရာပင်မရှိသော ကျောက်စွန်းသို့ ခြေလှမ်းေတာ့မည့်ဆဲဆဲ
ထိုကောင်လေး၏ လက်ဆစ်တို့တွင်အနည်းငယ်ရဲနေသော လက်ချောင်းဖြူဖြူသွယ်သွယ်အဖျားတို့ကိုလာရောက်ဆုတ်ကိုင် သော လက်နွေးနွေးသေးသေးလေးတစ်ဖက်
ထိုလက်ကလေး၏ပိုင်ရှင်ကား ဝက်ဝံရုပ်ညိုညိုလေးကို ကျန်လက်တစ်ဖက်နှင့်ရင်ခွင်ထဲထည့်ကာကျစ်ကျစ်ပါအောင်ပိုက်ထားသေးသည်။
ကလေးငယ်ကို ကောင်လေးကဲ့သို့ ဤရွာတွင်ငယ်စဉ်ကတည်းကကြီးပြင်းလာသူပင်မသိ သဖြင့်အလည်လာသောမိသားစုတစ်စုမှဖြစ်ဟန်တူသည်။

ŞİMDİ OKUDUĞUN
Into My World
Hayran KurguWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]