•8•

420 47 21
                                        

 Unicode>>>>

Sehun စာရင်းတွေလုပ်နေရင်း အိပ်ယာပေါ်မှောက်ကာ laptop သုံးနေသောကလေးကိုကြည့်လိုက်တော့ စူးစူးစိုက်စိုက်ကြည့်နေတာမို့ laptop monitor ကိုလှမ်းကြည့်မိသည်။

ခပ်စိပ်စိပ်ဆောက်ထားသော အိမ်ဖြူဖြူလေးတွေကမျက်လုံးထဲဝင်လာသည်။လည်ပတ်ချင်စရာကောင်းအောင်နေရာလှလှလေးတွေကိုရိုက်ပြထားတာမို့ ပင်လယ်နှင့် အိမ်စုစုလေးတွေ ၊လှေကားဖြူဖြူလေးတွေက မျက်စိကိုအတော်ဖမ်းစားနိုင်သည်။

Search bar ကိုအကြည့်ပို့မိတော့

Santorini ??

ကလေးသွားချင်နေတဲ့နေရာလား??

မကြာလိုက် Jongin ကနွားနို့‌နွှေးဦးမည်ဆိုကာအခန်းထဲကထွက်သွားသည်။

ထိုအခိုက်အတွင်းမှူးဆီကဖုန်းဝင်လာသည်နှင့် အစီရင်ခံလာသည်ကိုနားထောင်ပြီး လေယာဉ်လက်မှတ်စီစဉ်ခိုင်းလိုက်သည်။

ကလေးကြိုက်မှာပါ
.
.
.
.
ဆူနေပြီဖြစ်သောနွားနို့အိုးကိုကြည့်နေရင်း Jongin အတွေးတွေကဟိုရောက်သည်ရောက်

TV မှာမြင်လိုက်ရတဲ့သတင်းကြောင့် ရူးကြောင်ကြောင်နှင့် သူရှိနေသည့်နေရာကို Google ခေါက်ကာရှာမိသည့်အထိ

ဘယ်လိုတောင်ရူးနေသေးတာလဲ Kim Jongin

Sehun hyung ကိုအားနာသင့်တယ် သတိထားစမ်းပါ

ခေါင်းကိုခပ်ကြမ်းကြမ်းရမ်းကာ ဆူနေသောနွားနို့အိုးကိုချရန်လက်လှမ်းလိုက်တော့ သတိကပ်မနေတာမို့လက်ဗလာနှင့်ကိုင်မိပြီးအပူလောင်သွားသည်။

"အ့"

*ဂလွမ်......

လူကပူထူသွားတာမို့ အိုးကိုလွှတ်ချမိတာမို့ ဆူ‌နေပြီဖြစ်သောနွားနို့ပူပူတွေက အိမ်တွင်းစီးဖိနပ်စီး‌လေ့မရှိသော Jongin ခြေဖမိုးတွေပေါ်လောင်းချလိုက်သလိုဖြစ်သွားသည်။

"အားး

"ကလေး"

Jongin အော်သံမဆုံးခင်မှာပဲ Sehun hyung ၏ စိုးရိမ်တကြီးအသံနှင့်အတူ Jongin ခြေထောက်တွေကြမ်းပေါ်မှလွတ်သွားကာပွေ့ချီခံလိုက်ရသည်

Into My WorldWhere stories live. Discover now