Unicode>>>
မီးရောင်တို့ထိန်လင်းနေသည့်ညဈေးတစ်လျှောက် ကလေးငယ်လက်ကိုတွဲကာလျှောက်ရသည်က Sehun အတွက်အဖိုးတန် အခိုက်အတန့်တို့ဖြစ်သည်။
"မွှေးလိုက်တာ~~"
ခပ်တိုးတိုးပြောလိုက်သည့် ကလေးငယ်အသံအီအီလေးက Sehun နားစည်ကိုလာရောက်ရိုက်ခတ်သည်။
ခုမှစားသောက်ဆိုင်ထဲကထွက်လာတာမို့ ကလေးငယ်သည် Sehun ကိုပြောရန်အားနာနေပုံရလေသည်။
Sehun တို့လျှောက်လာသည့်လမ်းလေးဘေးတွင် မီးဖိုအသေးစားလေးနှင့်ပြောင်းဖူးဝါဝါတွေကို ဟဟိုဘက်သည်ဘက်လှည့်ကာမီးအပူအအေးမျှအောင်လုပ်ပေးနေသည့် ကလေးမလေး သည် Sehun တို့ကိုမော့ကြည့်နေသည်။
"ကိုကိုချောချောတို့ဝယ်မှာလားဟင်"
15 နှစ်အရွယ်ကလေးမလေး၏ Greece အသံထွက်လေးက ဂရုဏာသံသက်တာမို့အေးအေးကြည်ကြည်လေးဖြစ်သည်။
"hyung သူဘာပြောတာလဲဟင်...."
Sehun နားကိုတိုးတိုးကပ်မေးလာသည့်ကလေးငယ်ကြောင့်ပြုံးလိုက်ကာ
"ကိုကိုတို့ချောတယ်တဲ့"
တကယ်လားဆိုကာဝမ်းသာအားရမေးလာသည့်ကလေးငယ်
"ကျနော်တို့ သူ့ဆီကဝယ်စားရအောင်လေ...ကျနော်တို့ကိုချောတယ်ပြောထားတာဟာနော်"
ကလေးငယ်စကားကြောင့် Sehun သဘောတကျရယ်ရင်း ပြောင်းဖူး နှစ်ဖူးဝယ်လိုက်သည်။
"ကျနော်သယ်ပေးမယ်နော်"
ပြောင်းဖူး ဝယ်ထဲကမျက်လုံးတောက်တောက်လေးတွေနှင့်ကြည့်နေသော ကလေးငယ်က စက္ကူတို့နှင့်ပတ်ထားသော ပြောင်းဖူးဖုတ် မွှေးမွှေးတို့ Sehun လက်ထဲရောက်သည်နှင့်ဝမ်းသာအားရလက်လွှဲယူသည်။
Sehun တို့ရောက်လာသည့်အချိန်က Jongin စာမေးပွဲပြီးကျောင်းပိတ်သည့် November လလယ်လောက်မို့ Santorini မှာတော့နွေးထွေးသည့်ရာသီဥတုအခြေအနေလေးမို့ နေလို့ကောင်းသည်ဆိုရမည်။
Hotel မှဒေသခံဖြစ်သော manager အစ်မကြီးကတော့ တစ်ခါတစ်ရံမိုးရွာတက်သည်ဟုပြောလိုက်သည်။

ВЫ ЧИТАЕТЕ
Into My World
ФанфикWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]