•7•

438 52 4
                                        

Unicode>>>>

Chanyeol တစ်ယောက်အတော်ညဉ့်နက်နေပြီဖြစ်သော်လည်း အိပ်မပျော်နိုင်သေး

စူးစူးရဲရဲစိုက်ကြည့်သွားသည့် ညီ့အကြည့်တို့က မျက်လုံးထဲမှမထွက် စကားတောင်မာမာမပြောဘဲ စိတ်ထားနူးညံ့ပြီး ပျော်ပျော်နေတက်သောညီ့ကိုသာ မှတ်ဉာဏ်ထဲစွဲနေတာမို့

မင်္ဂလာပွဲနေ့က မြင်ခဲ့ရသောညီ့အကြည့် ညီ့စကားသံတို့ကိုသာ ခေါင်းထဲ ထပ်ခါတလဲလဲပေါ်လာသည်။
.
.
.
လွန်ခဲ့သောငါးနှစ်>>

"Chanyeol shi~"

ခေါ်သံကြောင့် Chanyeol စာအုပ်ကိုစိတ်ဝင်တစားဖတ်နေရာမှမော့ကြည့်လိုက်တော့ အတန်းခေါင်းဆောင် Kim Hara

"ဟိုလေ ပထမနှစ်ကလေးအတွက် welcome အစီစဉ် အတွက်သွားပြောဖို့လူနည်းနေလို့လိုက်ပေးပါလား"

ပုံမှန်ဆို Chanyeol ငြင်းလိုက်မှာပေမယ့် သူငယ်ချင်းတွေ‌မရောက်သေးတာကြောင့်ရော စာလည်းဆက်မဖတ်ချင်တာရောပေါင်းကာထလိုက်ခဲ့လိုက်သည်။

ဤသို့ဖြင့် Chanyeol ‌တစ်ယောက် ပထမနှစ်ဆောင်တွေဘက်ရောက်လာခဲ့ပြီး နှလုံးသားလှလှ‌လေး တစ်ခုကောက်ရခဲ့တော့သည်။

သူငယ်ချင်းတွေကြားထဲတွင် ရယ်မောနေဟန်လေးသည် Chanyeol ကိုအတော်ကြာဖမ်းစားသွားခဲ့သည်။

နှုတ်ခမ်းစွန်းလေးတွေကော့နေဟန်က ကဗျာဆန်လှသည်။

First sight မှာတင်အပြုံးတစ်ပွင့်အောက် ခလုတ်တိုက်လဲကျခဲ့ရတာပါပဲ

အပြုံးလှသောထိုကလေးသည် သီချင်းဆိုခြင်းကို ဝါသနာကြီးပြီး ပါရမီလည်းအတော့်ကိုပါလေသည်။

ကျောင်းပွဲတွေမှာတစ်ပွဲမှမလွတ် သီချင်းဆိုရန်စာရင်းပေးတက်သော ကောင်လေးသည် သီချင်းတိုက်ရန် music club ကိုမကြာခဏလာလေ့ရှိကာ အချိန်အနည်းငယ်အတွင်းမှာပင် music club ၏ president ဖြစ်သည့် Chanyeol နှင့်လည်းအတော်ကြီးကိုရင်းနှီးလာခဲ့သည်။

သီချင်းဆိုခြင်းကိုသာစိတ်အားထက်သန်သော ကောင်လေးက တူရိယာတီးခတ်ခြင်းနှင့်တော့ ကံစက်ဟန်မတူ

Chanyeol guitar တီးလျှင်ဖြစ်စေ၊ drum တီးလျှင်ဖြစ်စေ မျက်လုံးနက်နက်လေးများတောက်တောက်ပပနှင့် အားကျသလိုကြည့်တက်သည်။

Into My WorldOpowieści tętniące życiem. Odkryj je teraz