•25•

309 51 3
                                    

Unicode>>

"Jongin... စိတ်မလှုပ်ရှားနဲ့နော်...ခဏလေးပါ.."

Operation ဝင်ခါနီး Jongin လက်တွေကိုဆုပ်ကိုင်ရင်းတတွတ်တွတ်ပြောနေသော Baekhyun ကသူကိုယ်တိုင်တော့ ချွေးစေးတွေပြန်နေမှန်းသတိထားမိဟန်မတူ...

"ဟုတ်ပါပြီ...မင်းသာစိတ်အေးအေးထားပါ...ဒါကအရမ်းကြီးတဲ့ ခွဲစိတ်မှုလည်းမဟုတ်ပါဘူး..."

Baekhyun ကိုပြန်နှစ်သိမ့်ပေးလေသော Jongin က မကြာလိုက်ခင်မှာပဲ.. operation ခန်းထဲသို့ရောက်သွားလေပြီ။

Baekhyun မှာအကြောင်းမဲ့ ခွဲစိတ်ခန်းတံခါးကိုငေးနေမိသည်မှာ မျက်စိရှေ့သို့ ရေငွေ့ရိုက်နေသော ကော်ဖီအေးတစ်ခွက်ရောက်လာသည်အထိ...

ယူလာပေးသူကိုမော့ကြည့်လိုက်တော့..

"Min Soon Hyung.."

"တစ်အားစိတ်မပူပါနဲ့...ဒီတိုင်းအသေးစားခွဲစိတ်မှုလေးပါပဲ.."

Min Soon Hyung က Baekhyun ဘေးရှိခုံလွတ်တွင်ဝင်ထိုင်ကာဆိုသည်။

"ဟုတ်ကဲ့ပါ... Jongin ကတကယ်ခေါင်းမာတယ်.."

"အင်း...ငါတွေ့ဖူးသမျှထဲမှာခေါင်းအမာဆုံးပဲ.."

နှစ်ယောက်သားမတိုင်ပင်ပါပဲ သက်ပြင်းပြိုင်တူချမိသည်။

တကယ်တော့ Baekhyun တို့ Australia ရောက်လာခြင်းကမည်သည့်အလုပ်ကိစ္စအတွက်မှမဟုတ်..

Jongin တစ်ယောက်ကိုယ်တိုင်ကိုယ်ဝန်ဆောင်ဖို့ကို Min Soon နှင့်တိုင်ပင်ခဲ့သည်။ Min Soon Hyung က ရောဂါကြောင့် လုပ်မပေးနိုင်ဟုဆိုလာတော့ လုပ်ပေးမည့်တစ်ခြားတစ်ယောက်ဆီသွားမည်တဲ့လေ...ဒါဆိုလည်း Sehun ကိုအကြောင်းကြားမည်ဆိုတော့လည်းလက်မခံ..

နောက်ဆုံး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မျက်စိအောက်မယ်ရှိသည်ကပိုစိတ်ချရတာမို့ မိမိနှင့်အသိ ‌ကျွမ်းကျင်ပါရဂူများနှင့်မိတ်ဆက်ပေးခဲ့သည်။

အမျိုးသားတစ်ယောက်ကိုယ်ဝန်ဆောင်ဖို့လုပ်သည်ဆိုသည်ကထင်သလောက်မလွယ်ကူလှ..

ကလေးငယ်လေးနေထိုင်ဖို့အတွက် သားအိမ်ကိုကိုယ်ထဲအရင်ထည့်ရမည်။သည့်အတွက်လည်း..ခွဲစိတ်မှုမလုပ်ခင်မှာ ခန္ဓာကိုယ်နှင့်လိုက်လျောညီထွေဖြစ်အောင် ဆေးသွင်း၊ ဆေးသောက်ပုံမှန်လုပ်ပေးရသေးသည်။

Into My WorldWhere stories live. Discover now