Unicode>>>>
ညစာစားပွဲကို Sehun ကပြောထားသည့်အတိုင်းသင်္ဘောပေါ်မှာလုပ်ပေးခဲ့သည်။
Sehun ဖေဖေကိုနှုတ်ဆက်ဖို့ Sehun တို့အိမ်ကို နောက်တစ်နေ့ညနေပိုင်းမှ သွားရသည်။
ခြံဝန်းကျယ်ကြီးအတွင်း ရေကူးကန်၊မြက်ခင်းပြင်အကျယ်ကြီးနှင့် လူလုပ်ရေတံခွန်အပြင် ပန်းခြံအသေးလေးပါပါသေးသည်။
အိမ်ကြီး၏ကြီးကျယ်ခန်းနားမှုက Jongin လိုချမ်းချမ်းသာသာနေခဲ့ရတဲ့ သူမျိုးကိုတောင်အံ့ဩသွားစေသည်။
ကျန်းမာရေးမကောင်းဟူသောအကြောင်းပြချက်နှင့် မင်္ဂလာပွဲတစ်လျှောက်လုံးပေါ်မလာခဲ့သည့် Sehun အဖေကိုနှုတ်ဆက်ရန်သွားရသည်မှာ လန့်စရာပင်ကောင်းနေသေးသည်။
ဆင်ဝင်အောက်မှာကားရပ်ပြီးအိမ်ကြီးထဲဝင်သွားတော့ ကြမ်းခင်းမှအစနင်းရက်စရာမရှိအောင်တောက်ပြောင်လို့နေသည်။
ကားပေါ်မှဆင်းကတည်းက ခပ်ဖွဖွဆုပ်ကိုင်လာပေးသော Sehun လက်တို့ကို မရည်ရွယ်ပါပဲခပ်တင်းတင်းဆုပ်ကိုင်မိသည်အထိ စိတ်လှုပ်ရှားလိူ့နေသည်။
ပြန်လည်ခပ်တင်းတင်းဆုပ်ကိုင်လာသော Sehun hyung လက်ကြောင့်မော့ကြည့်လိုက်တော့ ပြုံးပြနေသည့် Sehun hyung
"သခင်လေးတို့ကိုကြိုဆိုပါတယ်"
စိတ်လှုပ်ရှားကာပတ်ဝန်းကျင်ကိုမေ့နေသော Jongin မှာ သံပြိုင်နှုတ်ဆက်သံကြားမှဘေးဘီကိုကြည့်မိတော့ အသက်ကြီးကြီးလူကြီးတစ်ဦး ဦးဆောင်သည့် ဆင်တူဝတ်စုံနှင့်ဝန်ထမ်းများသည် တန်းစီကာရပ်လို့နေသည်။
"ကလေး ဒါက အိမ်တော်ထိန်းမာ သူကို့သိထားရင်ရပြီ"
Sehun က ခပ်တိုတိုသာ နှုတ်ဆက်ပေးသည်။
"သခင်ကြီးစောင့်နေပါတယ် သခင်လေးတို့ ကျနော့်နောက်ကလိုက်ခဲ့ပါ"
အိမ်တော်ထိန်းမာ ဦးဆောင်ကာခေါ်သွားသော နောက်ကို Jongin တို့နှစ်ယောက်တိတ်တဆိတ်သာလိုက်ခဲ့သည်။
အိမ်ကြီး၏အပေါ်ထပ်အခန်းတစ်ခန်းရှေ့ရောက်တော့ရပ်လိုက်ပြီး တံခါးဖွင့်ပေးသည်။
KAMU SEDANG MEMBACA
Into My World
Fiksi PenggemarWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]