Unicode>>>>
Incheon International airport,
"ကျနော်သွားပြီနော် Ge ကောင်းကောင်းနေရစ်ပါ"
ကျောင်းဖွင့်ချိန်နီးပြီမို့ကျောင်းတက်နေဆဲဖြစ်သော Luhan တစ်ယောက်တရုတ်ကိုပြန်တော့မှာမို့ Yixing တစ်ယောက် airport သို့လိုက်ပို့ခြင်း
Luhan တစ်ယောက်နှုတ်ဆက်ကာထွက်သွားတော့မှ Yixing ခပ်လှမ်းလှမ်းတွင် သတင်းစာကြီးကိုပြောင်းပြန်ကိုင်ကာ အဝါရောင်မျက်မှန်အဝိုင်းပေါ်မှ ကျော်ဖတ်နေသော အရပ်ရှည်ရှည်လူထံသို့တည့်တည့်ေလျှာက်သွားလိုက်သည်။
ထိုကောင်လေးကို Chanyeol တပည့်အဖြစ် Yixing သိထားသည့်အပြင် ပြီးခဲ့သောနှစ် Luhan Australia မှာကျောင်းတက်စဉ်ကလည်း Luhan ကိုသွားတွေ့တိုင်း ခပ်လှမ်းလှမ်းတွင်မကြာကြာမြင်ရလေ့ရှိသည်။
ဒီတိုင်း Luhan ကိုကြိုက်နေသောကျောင်းသားတစ်ယောက်သက်သက်ဖြစ်ပြီး ကျောင်းပိတ်လျှင်ပြီးသွားလိမ့်မည် ဟုသာထင်ခဲ့သော်လည်း ဟုတ်ပုံမရ
Korea မှာလုပ်နေသော project ကိုနောင်လုပ်ငန်း၏ ဆက်ခံသူဖြစ်လာမည့် Luhan ကိုအတွေ့အကြုံရရန်ဆိုကာခေါ်လာပြီး မကြာခင်မှာပင်ထိုကောင်လေးနှင့်ထပ်တွေ့ရပြန်သည့်အပြင်အိမ်ကလည်းမျက်နှာချင်းဆိုင်ဖြစ်နေသေးသည်။
Park Chanyeolသည် project တွင်တစ်ဖက် Co.၏တာဝန်ခံဖြစ်လာမည့်သူဖြစ်သဖြင့် ညစာဖိတ်သည့်အခါ ထိုကောင်လေးပါပါလာခဲ့ပြီး Luhan သည်စိတ်ရှုပ်ဟန်ပေါ်နေခဲ့သည်ကြောင့် Yixing ထိုကောင်လေးသည် Luhan ကြိုက်နေသော ကြောင့်နောက်ကလိုက်နေသည်ဟူသောကိုယ့်အထင်ကိုယ် အမှန်ဟုယူဆလိုက်တော့သည်။
ဘယ်လိုပဲဖြစ်ဖြစ် ငယ်စဉ်ကတည်းကထိန်းကျောင်းခဲ့ရသော Luhan ကြိုက်သည့်အရာဆိုလျှင်ဖြစ်အောင်လုပ်ပေးမည်။မကြိုက်သည့်အရာဆိုလျှင်မျက်စိရှေ့တောင်ရောက်မလာစေရအောင်လုပ်ပေးမည်။
မိဘမဲ့ဖြစ်သော Yixing အတွက် Luhan ၏မိဘတွေသည် မိဘမေတ္တာပေးကာစောင့်ရှောက်ခဲ့သည်မို့ ယနေ့တွင်ဤသို့အခြေအနေမျိုးဖြစ်လာခဲ့သည်သာ မိဘအရင်းကဲ့သို့ပင်ကိုယ့်ကိုစောင့်ရှောက်ပေးခဲ့သော Luhan ၏မိဘတွေကြောင့်မို့ သူတို့မရှိတော့သည့်အခါ ကျန်ခဲ့သော သားဖြစ်သူ Luhan ကိုမိမိ၏ညီကဲ့သို့သာမက သားကဲ့သို့ပါ အရိပ်တကြည့်ကြည့်နှင့်ပျိုးထောင်ခဲ့ရတာမို့ နည်းနည်းလေးတောင် အထိအခိုက်အပွန်းအပဲ့မခံနိုင်သည်မှာ Yixing ၏စိတ်ရင်းပင်

YOU ARE READING
Into My World
FanfictionWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]