Unicode>>
"Yifan ကျောင်းတက်ရတော့မယ်မဟုတ်လား...ကျောင်းရောအပ်ပြီးပြီလား"
ထမင်းစားခန်းထဲသို့ ဝတ်စုံအပြည့်နှင့် ဝင်လာသော Yifan ကိုကြည့်ကာ Chanyeol သတင်းစာဖတ်နေရင်း မေးလိုက်သည်။
"ဟုတ်ဆရာ.. မနက်ဖြန်သွားအပ်တော့မှာ..... morning Ge..."
Yifan က Chanyeol အမေးကိုဖြေရင်း coffee ဖျော်နေသော Yixing ပါးကိုနမ်းကာစားပွဲမှာဝင်ထိုင်သည်။
Yifan ထိုင်လိုက်ချိန်မှာပဲ coffee ဖျော်ပြီးပြီဖြစ်သော Yixing က coffee ခွက်တွေကိုလာချပေးသည်။
"ဒီနေ့တော့ အချိန်မရလို့ ပေါင်မုန့်ယိုသုတ်နဲ့ coffee ပဲပြင်လိုက်တယ်နော်"
"ရပါတယ် Yixing Hyung ... နေ့တိုင်းမနက်စာပြင်ပေးတာပဲ အားနာစရာကြီးဖြစ်နေပြီကို.."
"အာ...ဒီလောက်တော့လုပ်ပေးရမှာပေါ့...အားနာစရာမဟုတ်ပါဘူး Chan ရဲ့"
"ကျနော်တို့လည်း Hyung ရောက်လာမှ အိမ်ထမင်း အိမ်ဟင်းကို ကောင်းကောင်းစားရတော့တယ်"
မနက်စာစားပြီးသည်နှင့်သုံးယောက်သား အလုပ်တက်ရန်အိမ်မှထွက်ခဲ့ကြသည်။
Chanyeol တို့အိမ်တွင် Yixing တစ်ယောက်လာနေသည်မှာ တစ်လခန့်သာရှိသေးသည်။
Luhan ပြန်သွားပြီးသည့်နောက် အိမ်မှာတစ်ယောက်တည်းဖြစ်နေသည့် Yixing ကို Yifan ကလာနေရန်ပြောသော်လည်း Chanyeol ကိုအားနာသည်မို့မနေဖြစ်ခဲ့....နောက်ပိုင်း Chanyeol နှင့်ပါရင်းနှီးပြီးသည့်နောက် ယောက်ျားလေးတွေချည်းဖြစ်သည်ဆိုကာ တစ်အိမ်ထဲနေရန်ဖြစ်လာခဲ့သည်။Yixing အိမ်ရောက်လာပြီးသည့်နောက် မနက်စာ ညစာကိုအမျိုးမျိုးချက်ကျွေးတာမို့ Chanyeol တို့ထမင်းစားပွဲလေးသည်လည်း စိုစိုပြေ ပြေဖြစ်လာခဲ့သည်။အချို့ရက်များဆိုလျှင် နေ့လည်စာအတွက်ထမင်းဘူးပါထည့်ပေးလိုက်သေးသည်။
တစ်ယောက်တစ်ခန်းနေကြတာဖြစ်သော်လည်း Yifan နှင့် Yixing ကတွဲနေကြတာမို့ ချစ်သူသဘာဝ နမ်းတာမျိုး ၊ ဖက်တာမျိုးကတော့ Chanyeol အတွက်မြင်နေကြလိုတောင်ဖြစ်လာသည်။
ဘယ်လိုပဲဖြစ်ဖြစ်.. Wu Yifan တစ်ယောက်သူ့ထက်ရင့်ကျတ်တဲ့ Yixing နဲ့တွဲဖြစ်တာပဲကျေးဇူးတင်ရမည်။

KAMU SEDANG MEMBACA
Into My World
Fiksi PenggemarWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]