Unicode>>>]
တောင်ကိုရီးယားသို့ပျံသန်းမည့် လေယာဉ်မှာ မကြာခင်အချိန်အတွင်း စတင်ထွက်ခွာတော့မည်ဖြစ်ပါသဖြင့် ခရီးသည်များအနေဖြင့်.........
.
.
.
.
.
တစ်ဖြည်းဖြည်းဝေးကွာသွားသော Santorini ၏အပေါ်စီးမြင်ကွင်း တို့ကို ပြတင်းပေါက်မှတစ်ဆင့် ငေးရင်း Jongin မျက်လုံးတို့ မှေးစင်းလာရသည်။ပုခုံးပေါ်မှ လေးလံလာသောခံစားချက်ကြောင့် Sehun ခေါင်းကိုစောင်းကြညိ့လိုက်တော့ Sehun ပုခုံးကိုမှီကာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပါသော Jongin
iPad ကိုအတော်ကြာကြည့်ထားသဖြင့် ကိုက်ခဲနေသော မျက်ရိုးတို့ကိုအညောင်းပြေစေရန် မျက်မှန်ကိုချွတ်ကာ မျက်ရိုးတို့ကိုနှိပ်နယ်လိုက်သည်။
Sehun ခေါင်းကိုအနည်းငယ်စောင်းကာ ပုခုံးပေါ်ခေါင်းမှီကာအိပ်နေသော ကလေးငယ် ၏ နဖူးပြေပြေလေးကို ခပ်ဖွဖွနမ်းမိသည်။
ကလေးငယ် သည် Sehun အတွက်တော့ မထိရက်မကိုင်ရက် အမြတ်တနိုးတန်ဖိုးထားစရာလေးပင်ဖြစ်သည်။
.
.
.
"ကလေး ကိုယ်အရေးကြီးအလုပ်ပေါ်လာလို့ ခုသွားမှဖြစ်မယ် အိမ်တော်ထိန်းမာကို လာကြိုဖို့ပြောထားလို့ ဒီမှာပဲစောင့်ပြီး လိုက်သွားနော် ကလေးအိမ်ကိုပို့ပေးလိမ့်မယ် ဟုတ်ပြီလား Jongdae ကိုလည်းဖုန်းကြိုဆက်ထားတယ် စိတ်ချမယ်နော်ကလေးလေး"လေဆိပ်ရောက်ရောက်ချင်း အလုပ်ကိစ္စကြောင့် အိမ်ပြန်ဖို့မဖြစ်နိုင်တော့တာမို့ ကလေးငယ်ကို အိမ်ပြန်ပို့ရန်သာစီစဉ်လိုက်ရသည်။
ခုံပေါ်တွင်ထိုင်ကာ luggage ပေါ်တင်ထားသော လက်မောင်းတွေပေါ်မှောက်အိပ်နေသော ကလေးငယ်က Sehun ပြောနေတာတွေကို ခေါင်းတညိမ့်ညိမ့်ထောက်ခံနေသော်လည်း သေချာကြားရဲ့လား တောင်မသိ
ဆံပင်ညိုညိုပျော့ပျော့လေးတွေကို အသည်းယားစွာ ဖိနမ်းလိုက်တော့မှ အိပ်ချင်မပြေသေးသော မျက်လုံးမို့မို့တို့နှင့်မော့ကြည့်လာသည်။
"သိပါတယ်ဗျာ အိမ်တော်ထိန်းမာလာတဲ့အထိ လိမ်လိမ်မာမာ စောင့်ပါ့မယ်"
"ဟုတ်ပြီ ဒါဆိုကိုယ်သွားမယ်နော်"
Jongin နဖူးကိုခပ်ဖွဖွနမ်းကာ ထွက်သွားသော Sehun.....
![](https://img.wattpad.com/cover/142837045-288-k454124.jpg)
YOU ARE READING
Into My World
FanfictionWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]