•2•

676 64 14
                                        

Uni>>

At Incheon airport,

"ကိုယ်ပြန်လာပြီ ညီ~စောင့်နေဖို့မျှော်လင့်ပါတယ်~"

အမိမြေကိုခြေချချခြင်းပင် နှင်းတွေဝေနေသောအပြင်ဘက်ရှုခင်းက Chanyeol စိတ်ကိုလန်းဆန်းစေသည်။

တဖွဲဖွဲကျနေသောနှင်းများကိုငေးကြည့်မိရင်း တစ်ယောက်သောသူ၏ အပြုံးလှလှကိုမြင်ယောင်မိပြန်သည် ။

မင်းကကိုယ့်စိတ်ထဲအချိန်တိုင်းကြီးစိုးနေဆဲပဲညီ~~~

"ဆရာ...ဆရာ....."

Taxi တားကာအထုတ်တွေတင်ပြီးကားထဲဝင်ထိုင်လိုက်ချိန်မှာပဲ ရင်းနှီးနေပြီဖြစ်သောအသံနှင့်အတူ တစ်ဖက်တံခါးကိုဖွင့်ကာဝင်ထိုင်သော

"Kris Wu!!"

မျက်လုံးပြူးကာအံ့ဩနေသော chanyeol ကိုသွားဖုံးတွေပေါ်အောင်ပြုံးပြပြီး ကားဆရာကို မောင်းလို့ရပြီဟုပြောနေသေးသည်

"မင်းးးဘယ်လိုလုပ်ပြီး"

"စာမေးပွဲတွေလဲပြီးပြီဆိုတော့အိမ်ပြန်တာလေ"

"Chinaကိုပြန်ရမှာမဟုတ်ဘူးလား"

"ဟုတ်တယ်လေ အိမ်ရောက်ရောက်ချင်းအသည်းတစ်ခြမ်းက ဒီ‌ေရာက်နေတယ်ဆိုတာနဲ့ လိုက်လာတာ ပြီးတော့အဖိုးကြီး Wu တက်ရမဲ့ပွဲတွေပါတစ်ခါတည်းတက်ပေးဖို့လေ"

"ထားပါ...အဲ့တာနဲ့ငါနဲ့ဘာဆိုင်လို့တုန်း"

"ဟာဆရာ့ကိုကျနော်ကဆရာဆိုပြီး အားကိုးတာကို airport အထွက်မှာဆရာ့ကိုလှမ်းမြင်လိုက်ကတည်းက အဖိုးကြီးWu ထည့်ပေးလိုက်တဲ့အတွင်းရေးမှူးကို ကျနော့်ဆရာကျနော့်ကိုတာဝန်ယူပေးမှာဆိုပြီး ပြန်လွှတ်လိုက်ပြီဟာ ခုချိန်လောက်ဆိုအဖိုးကြီးWu လည်းအ့သတင်းကြားပြီးလောက်ပြီ"

ဘာ!!!!!

Chanyeol မှာပါးစပ်ကတောင်ထုတ်ပြီးမဘာနိုင်တော့

Kris Wuတစ်ယောက်အဖိုးကြီး Wuအဖိုးကြီး Wuနှင့်ခေါ်နေသူ သူ့အဖေကား Chanyeol အဖေနှင့်စီးပွားဖက်ငယ်သူငယ်ချင်း‌တွေလည်းဖြစ်တာမို့ သေချာပေါက်ခေါ်ထားရတော့မှာကို

မကြာလိုက် Daddy park ၏ ငါ့သူငယ်ချင်းသားကိုမင်းဆီခေါ်ထားလိုက်ဟူသော ph ကိုရသဖြင့်အော်သာငိုလိုက်ချင်သည်
.
.
.
.

Into My WorldМесто, где живут истории. Откройте их для себя