Unicode>>>>>>
ဒုတိယနေ့ကိုတော့ Santorini အနီးအနားကျွန်းငယ်လေးတွေကို စက်လှေငယ်လေးနှင့်ပတ်ကြည့်ဖြစ်ကြသည်။
ရေဆင်းကူးဖို့အတွက် သုံးနေရာရပ်ပေး သော်လည်း နှစ်ယောက်လုံးရေထဲမဆင်းဖြစ်ကြ..
Jongin ကရေမကူးတက်လို့မဆင်းတာဖြစ်ပေမဲ့ Hyung ကတော့ Jongin ကိုလှေပေါ်မှာ မောင်းတဲ့သူနဲ့ နှစ်ယောက်တည်းထားခဲ့ရမှာစိတ်မချလို့ဟုကြံကြံဖန်ဖန်ပြောလေရဲ့
တစ်နေ့လုံးလှေပေါ်တွင် အချိန်ကုန်ဆုံးပြီးနောက် အဆုံးအစမရှိသောပင်လယ်ထဲသို့ နေလုံးကြီးဝင်သွားသည်ကို ဝိုင်သောက်ရင်းကြည့်ရန်စီစဉ်ထားတာမို့ Sehun အတွင်းခန်းထဲမှ ရေခဲစိမ်ထားသည့် ဝိုင်ပုလင်းကိုယူလာပြီး စားပွဲပုလေးပေါ်အသင့်တင်ထားသည့် ဖန်ခွက်ကလေးနှစ်ခွက်ထဲသို့တစ်ဝက်မရှိတစ်ရှိလောင်းထည့်လိုက်သည်။
Jongin ကတော့ Sehun လုပ်သမျှ တိတ်တဆိတ်သာငေးလို့နေသည်။
Jongin ၏ တိတ်တဆိတ်ဆိုသည်မှာလည်း ခုလေးမှတိတ်သွားချင်းသာ တစ်လျှောက်လုံးမနားတမ်းပြောပြီးပြီမို့ ....
ယောက်လုံးအကဝါသနာပါသည့်အကြောင်းစကားစပ်မိသည်မှ အကြောင်းအရာမျိုးစုံကိုမနားတမ်း ကရားရေလွတ်ပြောသူက Jongin ဖြစ်ပြီး
Jongin ကိုရေတိုက်လိုက် အဆာပြေမုန့်ကျွေးလိုက်နှင့် အစအဆုံးနားထောင်ပေးသူမှာ Sehun hyung ဖြစ်သည်။အတော်စကားပြောပြီးသည်နောက် Sehun hyung အပေါ် Jongin အမြင်တို့သည် အတော်အသင့်ကြည်လင်သွားပြီ ဖြစ်သည်။"သောက်ကြည့်ကလေး alcohol အများကြီးမပါလို့သောက်လို့ရတယ်"
ဖန်ခွက်ကလေးကို Jongin ရှေ့ပို့ပေးရင်းပြောသည်။ Sehun hyung သည် Jongin ကို ကလေးလေးကဲ့သိုပင်အရိပ်တကြည့်ကြည့် ဂရုစိုက်လှသည် ။ Jongin ကိုယ်တိုင်သည်လည်း Sehun hyung ကိုတစ်သက်တာ လက်တွဲဖော်အဖြစ်သက်မှတ်ထားပြီးပြီမို့ Hyung အပေါ်ချက်ချင်းမဟုတ်ရင်တောင် တစ်ဖြည်းဖြည်းချစ်လာဖို့ရန်ရည်ရွယ်ပြီးပြီ ဖြစ်သည် ။
"မသောက်တက်လို့လားကလေး"
အတော်ကြာသည့်အထိ ဖန်ခွက်လေးကိုငေးငေးငိုင်ငိုင်စိုက်ကြည့်နေသောကြောင့် ထင်သည် Hyung ထံမှအမေးစကားသံကြားရသည် ။

YOU ARE READING
Into My World
FanfictionWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]