•4•

456 59 4
                                        

Unicode>>>>>

"Jongin na~"

Baekhyun တို့နှစ်ယောက် canteen တွင်ထိုင်စား‌နေရင်း ထုံးစံမပျက်ကိုယ့်ပန်းကန်ထဲက အရွက်တွေကို Jongin ထဲထည့်ပေးနေသော်လည်း မလှုပ်မယှက်ငူငူငိုင်ငိုင်ဖြစ်နေသော Jongin ကြောင့်လက်ကိုလှုပ်ကာခေါ်လိုက်တော့လည်း

"ဟမ်...ငါ..ငါသွားစရာရှိလို့ Baekhyun ပြန်နှင့်ပြီ"

ပြောပြောဆိုဆို ထထွက်သွားသော Jongin

Jongin တစ်‌ယောက်ထသာထွက်လာခဲ့သော်လည်း ဦးတည်ရာမယ်မယ်ရရမရှိပဲ လျှောက်လာခဲ့သည်မှာ ကျောင်းဝင်းထဲရှိပန်းခြံအငယ်စားလေးထဲ ရောက်သည်အထိ

သွားလာရလွယ်ကူစေရန် လမ်းတစ်လျှောက်ရှိနှင်းတွေကိုရှင်းထားသော်လည်း ပန်းခြံလေးထဲမှာတော့ နှင်းဖြူဖြူတို့သည်တစ်ခွင်တစ်ပြင်လုံးဖြစ်လို့နေသည်။

နှင်းကျသည်မှာတစ်ပတ်ခန့်ရှိပြီဖြစ်သလို Oh Sehun တစ်ယောက် Jongin ကိုဖွင့်ပြောသွားတာလည်းတစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

ပထမဆုံးနှင်းကျတဲ့နေက Jongin ကို အိမ်ထိလိုက်ပို့ပေးပြီး အိမ်ရှေ့ရောက်ရောက်ချင်းပဲ

"ကိုယ် ကလေးငယ်ကိုချစ်တယ်~ကလေးငယ်သိစေချင်ရုံပြောပြထားပါ ကလေးငယ်ကိုမြတ်နိုးလွန်းလို့ ဖြစ်နိုင်ရင်ကိုယ့်မျက်စိအောက်မှာပဲထားချင်တဲ့အထိပါ ကိုယ်ကစကားပြောရင် နားထောင်ကောင်းအောင်မပြောတက်တာကြောင့် မင်းအပေါ်ထားတဲ့ခံစားချက်ကို ချစ်တယ်ဆိုတဲ့စကားထက်လေးနက်တဲ့စကားရှိရင် သုံးချင်ပါတယ် ဒီလိုတွေပြောပြတာကိုယ့်ကို ခုချက်ချင်းပြန်ချစ်ရမယ်လို့တော့ဆိုလိုတာမဟုတ်ဘူးနော် စောနပြောခဲ့သလိုမင်းသိစေချင်ရုံပါပဲ မင်းပြန်ချစ်လာဖို့ကို့ ဖြည်းဖြည်းချင်းကြိုးစားသွားမှာမို့ မင်းကကိုယ့်ကိုစောင့်နေပေးပါ ကိုယ့်ကမ္ဘာထဲကိုမင်းလာဖို့ ကိုယ့်အချစ်တွေခင်းပေးထားမှာမို့"

စကားသိပ်မပြောတက်ပါဘူးဆိုသည့်လူက စကားအရှည်ကြီးပြောသွားသည့်အပြင် Jongin နဖူးကိုပါ Good night kiss ဆိုကာနမ်းသွားသေးသည်။

Jongin တွေးလိုက်တိုင်းပါးတွေပူလာအောင်ရှက်နေတုန်းဖြစ်သည်။

Into My WorldKde žijí příběhy. Začni objevovat