Unicode>>
"ခင်ဗျား..ဘယ်လိုလုပ်ပြီး ဒီကို..."
"ကိုယ်က ဒီမှာတာဝန်ခံဆရာဝန်လေ"
"Aww..အသစ်ပြောင်းလာမဲ့သူဆိုတာ sambae ပေါ့"
"ဆိုပါတော့ ဘာဖြစ်တာလဲပြပါဦး"
"အာ..ခြေခေါက်သွားတာထင်တယ်"
"ကိုယ်ဆေးထည့်ပေးမယ်"
Min Soon ဆေးထည့်နေသလို Jongin လည်းပြောစရာမရှိသည်မို့ နှုတ်ဆိတ်နေမိသည်။
"ကိုယ်တို့.."
"ဆက်မပြောတာပိုကောင်းမယ်ဆိုတာ ကျနော်ရော sambae ပါသိပါတယ်..ကျနော်တို့ကပြီးသွားပြီပဲ"
"ဒါပေမဲ့..ကိုယ်လက်မလျော့.."
ထိုအခိုက်ဖြတ်ဝင်လာသော Baekhyun ၏ အသံစူးစူး...
"Jonginne!!!"
အမောတကောပြေးဝင်လာသော Baekhyun က Jongin ထိုင်နေရာကုတင်ဘေးကို ခပ်မြန်မြန်ပင် ရောက်လာသည်။
Jongin သူငယ်ချင်းရောက်လာတာမို့ Min Soon လည်းဆေးပေးခန်းအပြင်သို့သာထွက်လာလိုက်တော့သည်။
"ဘာဖြစ်သွားသေးလဲ Jonginne... Sun Har ငါတို့အခန်းကိုလာပြီး ခွင့်တိုင်လို့"
"ခြေခေါက်သွားရုံပါ...ဘာမှမဖြစ်ဘူး"
"အွန်းအွန်း...တော်သေးတာပေါ့ ဒါနဲ့...ဟင်!"
"ဘာလဲ Baek.."
"ခုန ဆရာဝန်ရော..."
"သွားပြီထင်တယ်..ဘာမေးမလို့လဲ"
"ဟိုလူ နဲ့တူနေသလားလို့"
နှစ်ပေါင်းများစွာရင်းနှီးလာပြီး အတွင်းသိဖြစ်သည့် Baekhyun က Jongin တို့အကြောင်းတွေသိထားသူမို့ ထိုသူဘာမှမပြောပဲထွက်သွားပြီးနောက်ပိုင်း Jongin ခံစားရသမျှသိနေတာကြောင့် Baekhyun က sambae ကိုမကြည်ချေ...
"အင်း..သူပဲ"
"ဘာ!!!ငါနဲ့တွေ့ကြသေးတာပေါ့"
ပြောပြောဆိုဆိုထရပ်သော Baek ကို Jongin မှာလှမ်းဆွဲထားရသည်။ပုံမှန် Baekhyun ကပျော်ပျော်နေတက်ပေမဲ့ ဒေါသထွက်လျှင်တော့ကြောက်စရာကောင်းလှသည်။
"တော်ပြီ Baek ငါသူနဲ့ဆက်ပတ်သတ်စရာအကြောင်းမရှိတော့ဘူး ငါလည်းသူ့အတွက်ဘာခံစားချက်မှမရှိတော့လို့ စိတ်ပင်ပန်းမခံပါနဲ့
"

VOUS LISEZ
Into My World
FanfictionWhen You Come To Me~~ SEKAI Fanfiction [[ Completed ]] [ Unicode /Zaw Gyi ]