လူနေသူနေနည်းတဲ့ရပ်ကွက်ရှိဟောင်းနွမ်းနေတဲ့တိုက်မှာကျွန်တော်နေတယ်။
အခန်းကျဉ်းလေးတွေနဲ့ဖွဲ့စည်းထားတဲ့၆ထပ်ရှိတဲ့တိုက်မှာမြေညီထပ်အခန်းကိုဝယ်ပြီးကျွန်တော်တစ်ယောက်တည်းနေလာတာ ၁ နှစ်တောင်မပြည့်သေးပါဘူး။
ကျွန်တော်ဆိုတဲ့ Jaehyun ကကျောင်းဆက်မနေတော့ပဲရှာလို့ရခဲ့တဲ့ပိုက်ဆံနဲ့သာအိမ်ထဲကအိမ်ပြင်မထွက်ပဲနိုင်ငံခြားကိုထွက်သွားဖို့တိတ်တခိုးစီစဉ်နေသူလည်းဖြစ်တယ်။
အပြင်ထွက်ရင်လည်းရုပ်ဖျက်ပြီးလူတွေမမြင်အောင် mask တပ်ပြီးသာထွက်လေ့ရှိတယ်။
တစ်ခါကကိုယ်လုပ်ခဲ့တဲ့လုပ်ရပ်ကြောင့်အခုချိန်မှာဒီလိုဝရမ်းပြေးအဖြစ်နဲ့နေနေရခြင်းသာ.....။
ကျွန်တော့်ရဲ့တစ်နေတာကမှောင်မိုက်နေတဲ့အခန်းကျဉ်းလေးထဲမှာ ပဲခေါက်ဆွဲစားလိုက် game ဆော့လိုက်နဲ့ပြီးဆုံးသွားလေ့ရှိတယ်။
မနေ့တုန်းကဒီအတိုင်းပဲ၊ဒီနေ့လည်းဒီအတိုင်းပဲ၊နေ့တိုင်းအချိန်တွေကိုဒီလိုကုန်ဆုံးလာခဲ့ရတယ်။
ဒါပေမယ့်...မနက်ဖြန်မှာဘာတွေဖြစ်မယ်ဆိုတာတော့ကျွန်တော်မသိနိုင်ဘူး။
ဒီလိုနဲ့ကျွန်တော်မသိနိုင်တဲ့မနက်ဖြန်ကိုရောက်ရှိလာတယ်။
တစ်နေ့လုံးမိုးတွေခြိမ်းပြီးသည်းကြီးမည်းကြီးရွာနေတာကိုပြတင်းပေါက်ကနေလွမ်းဆွေးစွာကြည့်နေမိတယ်။
ညဘက်ရောက်တော့လည်းအခန်းကျဉ်းလေးထဲကမကောင်းတော့တဲ့ heater နဲ့စောင်ခြုံပြီးကွေးကာကျွန်တော်အိပ်လိုက်တယ်။
မိုးကသည်းလွန်းလို့ပြတင်းပေါက်ကနေယိုစိမ့်လာပြီးအိမ်သာသုံးတစ်ရှုးတွေအကုန်စိုရွှဲသွားရတယ်။
အချမ်းဒဏ်ကိုစောင်သေးသေးလေးနဲ့ကြိတ်မှိတ်အိပ်နေရလို့အဆင်မပြေတဲ့အချိန်မှာမိုးစက်တွေကအိမ်ထဲဝင်လာလို့အဝတ်စုတ်တွေနဲ့လိုက်သုတ်ရသေးတယ်။
အိမ်သာသုံးတစ်ရှုးကမရှိမဖြစ်လိုအပ်တာမို့လမ်းထိပ်က ၂၄ နာရီဖွင့်တဲ့ store မှာထွက်ဝယ်ရတယ်။
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚