Yestoday «3»

505 79 0
                                    

သူကကျွန်တော်နဲ့အတူနေမယ်တဲ့လား...? ကျွန်တော့်လိုလူကသူနဲ့အတူနေရင်သူပဲထိခိုက်မှာ...ဘာလို့ဆိုကျွန်တော်ကရဲတွေလက်ထဲကထွက်ပြေးပုန်းရှောင်နေရတဲ့ဝရမ်းပြေးတစ်ယောက်ဖြစ်နေလို့ပဲ။

ကျွန်တော့်ကြောင့်သူတစ်ခုခုထိခိုက်သွားမှာမလိုလာဘူး...အဲ့တော့..ကျွန်တော်ရက်စက်သင့်ရင်ရက်စက်ရလိမ့်မယ်။

"မရဘူးကွာ! ဖယ်!"

ကျွန်တော့်ခြေထောက်ကိုဖက်တွယ်ထားတဲ့သူ့လက်နုနုတွေထဲကရုန်းထွက်လိုက်တယ်။

တိုက်ထဲဝင်ရန်ပြင်နေတဲ့ကျွန်တော့်နောက်ကိုထိုင်နေရာကနေထပြီးလိုက်လာတယ်။

"yaaaa!!!"

"ဘာလဲကွာ..."

"အဲ့ဒါဆိုလည်းငါ့ကိုငါ့အဘွားဆီလိုက်ပို့ပေး.."

ကလေးတစ်ယောက်သဖွယ်ကျွန်တော့်ကိုသူသွားချင်တဲ့နေရာလိုက်ပို့ခိုင်းနေလေရဲ့။

"မင်းက ကလေးလား?ကိုယ့်ဘာသာကိုသွားပေါ့"

"ငါတစ်ယောက်တည်းသွားရင်.....ငါ့ပထွေးက...ဆူမှာ.."

"....."

သနားကမားလေသံလေးနှင့်မျက်နှာလေးငယ်ခေါင်းငုံ့ကာရှုံ့မဲ့မဲ့နဲ့ပြောလာတယ်။

"သူမသိအောင်သွားရမှာမို့....."

"....."

"နော်..."

"အခုမိုးချုပ်နေပြီ..အထဲဝင်တော့..မနက်လိုက်ပို့မယ်..ဟုတ်ပြီလား?"

"omm😻"

သူက..တကယ့်ကိုအပြစ်ကင်းစင်တယ်..တကယ့်ကလေးလေးတစ်ယောက်လိုပဲ....အဲ့လိုအပြစ်ကင်းစင်တဲ့သူ့ကိုအရောင်မဆိုးချင်ဘူး....ဒါပေမယ့်အချိန်တွေကနောက်ကျသွားခဲ့ပြီ....မနေ့တစ်နေ့ကမှတွေ့ခဲ့တဲ့သူ့ကို....ကျွန်တော်ချစ်မိသွားပြီထင်တယ်....မနေ့တုန်းကသူ့ကိုတွေ့ချိန်မှာရင်ခုန်မိရုံလေးပဲရှိသေးပေမယ့်....ဒီနေ့မှာတော့တကယ်ကိုချစ်မိသွားပြီထင်တယ်..။

ကိုယ်တောင်းပန်ပါတယ်...မင်းလိုဖြူစင်တဲ့ကောင်လေးတစ်ယောက်ကိုအရောင်ဆိုးမိတော့မှာမို့....။

သူနဲ့ကျွန်တော်အထဲဝင်လာပြီးနှုတ်ဆက်ကာအသီးသီးကိုယ့်အခန်းထဲကိုယ်ရောက်လာကြပြီဖြစ်တယ်။

YestodayOnde histórias criam vida. Descubra agora