"Jaehyun.. မင်းဘာလုပ်... "
အပေါ်ကနေအုပ်မိုးထားလို့အသက်ရှုနည်းနည်းကျပ်နေပုံရတယ်ထင်ရလို့ချုပ်ထားတဲ့လက်နှစ်ဖက်ကိုအနည်းငယ်လျှော့ပေးလိုက်တယ်။
သူကတော့မျက်တောင်တစ်ချက်မခတ်ပဲကျွန်တော့်ကိုကြောက်လန့်စွာကြည့်နေဆဲ။
"Taeyong မင်းကမျက်ရည်အရမ်းလွယ်တာပဲ..."
"....."
"ရုပ်ရှင်ပဲဟာကို.. ဘာငိုစရာရှိလဲ?ဟမ်? အိပ်တော့!"
"....."
အိပ်ဖို့ပြောနေရသည်မှာအခေါက်ပေါင်းမနည်းတော့တာကြောင့်နည်းနည်းပညာပေးလိုက်တဲ့သဘောကလွဲလို့ကျန်တာမရှိခဲ့။
စိတ်ထဲတစ်မျိုးဖြစ်မိတာကလွဲလို့ပေါ့လေ....။
------------------
နောက်နေ့မနက်-
ကျွန်တော်နိုးတော့သူကထုံးစံအတိုင်းမီးဖိုချောင်ထဲမှာ Doyoung ကိုကူလုပ်ပေးနေလေရဲ့။
မနက်စာအတူစားကြပြီးအိမ်ထဲမှာပဲဟိုလုပ်ဒီလုပ်ပေါ့။
ကျွန်တော်တို့အဖြစ်ကအပြင်မှထွက်လို့မရပဲ....။
အပြင်ထွက်ရင်တောင် Mask တပ်ပြီးလူမသိသူမသိထွက်မှရတဲ့အနေထားမျိုးဆိုတော့တော်ရုံတန်ရုံအပြင်မထွက်ပဲညဘက်လူအိပ်ချိန်ကျမှ 24 hours store မှာဝယ်စရာရှိတာဝယ်ရတယ်။
သူ့ကိုလည်းသူ့ပထွေးကအလွတ်ပေးမှာမဟုတ်ဖူးဆိုတာသိလို့သူလည်းအပြင်မထွက်ရဲရှာပါဘူး။
သုံးယောက်လုံးအိမ်တွင်းပုန်းတွေဖြစ်နေကြရတယ်။ ခေါင်မိုးထပ်ကအိမ်ဖြစ်လို့အပြင်ထွက်ပြီးအဝတ်လှန်းအဝတ်ရုံတာကလွဲရင်လေတောင်အထိမခံဖြစ်ကြပါဘူး။
ကျွန်တော်လှဲနေတဲ့အိပ်ခန်းထဲကိုသူဝင်လာတယ်။ ပြီးတော့သူ့အတွင်းသားတွေမြင်ရတဲ့ထိအကျႌတွေလှန်ချွတ်တော့တာပဲ။
"အား...ပူလိုက်တာ Jaehyun ရာ..."
"....."
သူပြောနေတာတောင်တံတွေးတစ်ချက်မျိုချပြီးသူ့ကိုစိုက်ကြည့်နေမိသေးတာ။ သူကယောကျင်္ားလေးဖြစ်ပြီးဘာလို့ဒီလောက်တောင်နုဖတ်နိုင်ရတာလဲ...! ကျွန်တော့်စိတ်တွေမထိန်းနိုင်အောင်လည်းသူပဲဖမ်းစားနိုင်လွန်းတယ်။
![](https://img.wattpad.com/cover/144541828-288-k176849.jpg)
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚