တံပတ်အဖြူလေးခေါင်းပေါ်တင်ကာရေစက်လက်နှင့်ထွက်လာသော Taeyong.
နို့နှစ်ရောင်အသားရည်ဟာရေစက်များတချို့နှင့် Sexy ကျလွန်းနေသောသူ့ကိုကြည့်ပြီးကျွန်တော့်စိတ်ထဲယိုးတို့ယွတဖြစ်လာရတယ်။
"Jaehyun မင်းရေမချိုးသေးဘူးလား ဒီလောက်ပူနေတာ.."
ခေါင်မိုးထပ်အခန်းကျဉ်းလေးမှာနေရသောကြောင့်ပူပြင်းလှသောနေပူရှိန်ဟာကျွန်တော်တို့အခန်းလေးထဲပို၍ထိုးစိုက်ဝင်နေသလိုပင်။
"အင်း..ချိုးမယ်.."
ပြောပြီးပြီးချင်းရေချိုးခန်းထဲအနောက်မှကျားလိုက်သလိုပြေးဝင်ကာဘေစင်ရှေ့ရောက်မှအသက်ရှုရတော့တယ်။ Taeyong နဲ့ပက်သက်လာရင်ကျွန်တော့်စိတ်ကိုဘယ်လိုမှထိန်းမရလွန်းလို့။
မှန်ထဲမှကိုယ့်ပုံရိပ်ကိုပြန်ကြည့်ရင်းထိန်းမနိုင်သိမ်းမရဖြစ်နေတဲ့ကိုယ့်မျက်နှာကိုရယ်ချင်မိတယ်။ ကလေးတစ်ယောက်လိုချစ်ဖို့ကောင်းလွန်းတဲ့ Taeyong ဟာအခုလိုရေဆိုနေတဲ့ Topless လေးနဲ့ဆိုတော့လည်းတမျိုး Sexy ဆန်နေပြန်ရော။ Sexy ဆန်တာတောင်မှချစ်ဖို့ကောင်းနေတဲ့ Sexy မျိုးလေး။
ကိုယ့်ပါးကိုပြန်ရိုက်ရင်းသတိပေးရတယ်။ ဘာတွေစဉ်းစားနေမိတာပါလိမ့်...။
ခပ်သွက်သွက်ရေချိုးပြီးထွက်လာတော့သူ့ကိုမတွေ့တော့။
ထမင်းစားပွဲမှာဟင်းခွက်တချို့တင်ပြီးဟင်းရည်ကိုနွှေးနေလေရဲ့။ Doyoung ကတော့ Taeyong ရှိတယ်ဆိုပြီးရေသာခို TV ကြည့်နေတယ်။
ကျွန်တော် Doyoung ကိုမဲ့ရွဲ့စွာကြည့်ရင်းထမင်းစားဖို့လှမ်းခေါ်လိုက်တယ်။ တကယ်တော့သူကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ပါပဲ။ ထွက်ပြေးလာတဲ့နေစရာမရှိတဲ့ကျွန်တော်နဲ့ Taeyong ကိုအိမ်ပေါ်ခေါ်တင်ထားတာပဲအတော့်ကိုကျေးဇူးတင်ရမယ်။
ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ထမင်းဝိုင်းအစုတ်လေးမှာကင်ချီတစ်ပွဲ၊အသားကင်အနည်းငယ်နဲ့စွပ်ပြုတ်ဟင်းရည်သာရှိတယ်။
ကျွန်တော်အလုပ်လုပ်ခဲ့စဉ်တုန်းကသူဌေးနဲ့အတူစားခဲ့တဲ့စျေးကြီးတဲ့အမဲသားပြားကြီးကိုတောင်သတိသွားရမိသေးတယ်။ အခုတော့လည်း....
![](https://img.wattpad.com/cover/144541828-288-k176849.jpg)
KAMU SEDANG MEMBACA
Yestoday
Fiksi Penggemarမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚