ကျွန်တော် ငယ်စဉ်ကတည်းက သွားချင်နေခဲ့သော Canada နိုင်ငံကို အခု ကျွန်တော်ချစ်ရတဲ့သူနဲ့အတူ လာခွင့်ရလို့ အရမ်းပျော်မိတယ်။ ပိတ်လှောင်မှုတွေ ကြားထဲကပုန်းရှောင်ရင်း ကျွန်တော်တို့နှစ်ယောက်အတူ ဒီမြေပေါ် အခြေချနိုင်ခဲ့ကြတယ်။
ဟောင်းနွမ်းနေတဲ့တိုက်ထဲက အခန်းကျဉ်းလေးထဲမှာ နေ့တိုင်းမက်ခဲ့ရတဲ့ အိပ်မက်ဟာ တစ်နေ့ Canada ကိုအရောက်သွားမယ်ဆိုတာပဲ။ Maple ရွက်ပုံရှိတဲ့ အလံကို အခန်းရဲ့ အထင်သာဆုံးနေရာမှာ ကပ်ထားပြီး အစီစဉ်ဆွဲနေခဲ့တာလည်းဖြစ်တယ်။
အခုတော့ အဲ့ဒီ Maple ရွက်ပုံ အလံလေးလည်း အဲ့ဒီအခန်းကျဉ်းလေးထဲမှာ ကျန်ခဲ့ပြီပေါ့။
တစ်နေ့ Canda ကိုရအောင်သွားပြီး တစ်သက်လုံး အဲ့ဒီမှာပဲ အခြေချပုန်းရှောင်နေတော့မယ်လို့ ချထားခဲ့တဲ့ plan လည်း အခုချိန်မှာ အကောင်ထည်ဖော်နိုင်ခဲ့ပြီ။
ရွှေဝါရောင် မီးဆိုင်းရှည်များအောက် ရောက်ရ်ှိလာခဲ့ပြီ ဖြစ်တဲ့ ကျွန်တော်နဲ့ Taeyong.
Hotel တစ်ခုလုံးကို ၃၆၀ ဒီဂရီပတ်ကြည့်လို့ ပြီးမှအထဲကို ဆက်လျှောက်လာခဲ့ကြတယ်။
စဉ့်အိုးအကြီးအသေး စုံလင်စွာဖြင့်စိုက်ထားသော ဂန္ဓမာပင်ငယ်များကလည်း လူသွားလမ်းဘေးပတ်လည်တွင် ကြိုဆိုလျက်ရှိနေကြပြီး ကြည်လင်သော မှန်အပြင်မှ Canada နိုင်ငံ၏ ရှုမောဖွယ် ညအလှကို အလင်းရောင်စုံများနှင့် တွေ့မြင်နေရသည်။
ငွေရောင်တန်းလျားများနှင့် Reception ဘေးတွင် အလှဆင်ထားပြီး ပျူငှာသော ဝန်ထမ်းလေးများသည်လည်း စိမ်းပြာရောင် Uniform လေးများနှင့် ပြုံးရွှင်စွာ နှုတ်ဆက်ကြသည်။
လင်းလက်နေသော ကြွေပြားများမှာ နင်းရက်စရာပင်မရှိ။ ပြောင်လက်နေသော မှန်များမှာ ကိုင်ရက်စရာပင်မရှိ။ သွားလာဝင်ထွက်နေသော ဧည့်သည်များမှာ အဆင့်အတန်းရှိလွန်းလှသည်။
ဖန်သားတံခါးပွင့်လာချိန်တွင် ကျွန်တော်တို့ 9 ကိုနှိပ်၍ ၉လွှာသို့တက်ခဲ့ကြသည်။ CCTV တပ်ထားသော ဒီဓာတ်လှေကားမှာ ဖန်သားအထူများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။
JE LEEST
Yestoday
Fanfictieမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚