ဂွမ်းကဲ့သို့ ဖွေးဥနေသော တိမ်ထူများသည် ပြာနှမ်းသော ကောင်းကင်ထက်တွင် ရယ်ပြုံးပြုံးရှိနေသည်။
အပြာရောင် ကောင်းကင်တစ်ဆုံး ရှိနေသော အစိမ်းရောင်တောင်တန်းများအောက်တွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိနေသော ထိကရုံးပင်များ၊နှင်းဆီနှင့် အခြားသော ရောင်စုံ ပန်းမန်များဖြင့် ဝန်းရံထားသည်။
ကျောက်တုံးများ မစီမရီ ပြည့်နေသော လျှောက်လမ်းတွင် သေးသွယ်သော ခြေတံများဖြင့် ယိုင်နဲ့နဲ့လျှောက်နေသော Taeyong.
ကျွန်တော့်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲထားပြီး ရယ်မောကာ လျှောက်နေသည်။
ပင်လယ်ရေက ရိုက်ခတ်လာတော့ ကျွန်တော်တို့ နှစ်ယောက်လုံး၏ ခြေထောက်များ စိုရွှဲသွားရသည်။
တောင်တန်းများဖြင့် ဝန်းရံထားသော ပင်လယ်ပြာသည် ကျောက်တုံးများအနားတွင် အဖြူရောင် လှိုင်းတွန့်များဖြင့် ကွပ်ထားသည်။
"လှလိုက်တာနော် Jaehyun.."
"Omm...မင်းပျော်လား.."
"ပျော်တာပေါ့..."
ပြုံးနေသော သူ့မျက်နှာလေးမှာ အပြစ်ကင်းစင်လွန်းလှသည်။ ဘာမှမသိသော ကလေးလို ဖြူစင်လွန်းလှသည်။
ကျွန်တော်တို့အခုရောက်နေတဲ့ နေရာက Canada ရဲ့ အထင်ကရနေရာထဲက တစ်ခု Acadia National Park.
America နိုင်ငံရဲ့မြောက်ပိုင်းမှာရ်ှိပြီး စိမ်းစိုတဲ့တောင်တန်းတွေနဲ့ဝန်းရံထားတာဖြစ်တယ်။ ပင်လယ်ရယ်၊လှိုင်းရယ်၊ Taeyong ရယ်နဲ့ ကျွန်တော့်ဘဝက ပြီးပြည့်စုံနေတယ်။
ဒီကျွန်းလေးကို မနက်အစောပိုင်းမှာ ကျွန်တော်တို့ ထွက်ခွာလာခဲ့ကြပြီး ညနေစောင်းနေဝင်ချိန်ကို ထိုင်စောင့်နေကြခြင်းဖြစ်သည်။
ခဏကြာတော့ နေရောင်နွေးနွေးက နှုတ်ဆက်တော့မည်ဖြစ်ကြောင်း သူ၏ပြောင်းလဲသွားသော အရောင်ဖြင့် အချက်ပြသည်။
"Taeyong.. နေဝင်တော့မယ်.."
ဟိုးပင်လယ်ကနေ နေဝင်တော့မယ့်ပုံကို ကျွန်တော်ရော၊သူရော စောင့်မျှော်နေကြရင်း ပြောလိုက်သည်။
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚