Yestoday «7»

422 60 1
                                    

မနက်အာရုံတက်ချိန်မှာလေးလံနေတဲ့ကျွန်တော့်မျက်ခွံတွေကိုဖွင့်ကြည့်လိုက်တော့ဘေးမှာသူကမရှိတော့ဘူး။ သူနိုးနေပြီထင်ပါရဲ့။ Doyoung ကလည်းမနက်အစောကြီးထတတ်တာဆိုတော့နှစ်ယောက်သားမနက်စာပြင်ချင်ပြင်နေမှာပေါ့လေ။

ညကလည်းအိပ်တာနောက်ကျတော့အိပ်ရာပေါ်မှာတစ်ရေးလောက်ထပ်မှိန်းလိုက်သေးတယ်။ ဘေးကဖက်လုံးကို Taeyong အမှတ်နဲ့တင်းကြပ်စွာဖက်ထားရင်း...

နောက်တစ်ကြိမ်ပွင့်လာတဲ့မျက်လုံးတွေကိုတော့ကျွန်တော်ထပ်မမှိတ်ချင်တော့ဘူး။ သူနဲ့အရမ်းတွေ့ချင်နေပြီလေ...

အမြန်ကုန်းကျုံးထပြီးရေချိုးခန်းထဲဝင်၊မျက်နှာသစ်၊သွားတိုက်ကာထမင်းစားခန်းသို့ထွက်လာလိုက်တယ်။

ကျွန်တော်ထင်တဲ့အတိုင်းမနေ့ကမှခင်သွားကြတဲ့သူတို့နှစ်ယောက်ဟာငယ်သူငယ်ချင်းတွေအလားစကားပြောရယ်မောရင်းမနက်စာကိုပြင်ဆင်နေကြတယ်။

"Jaehyun နိုးပြီလား..? မင်းကလည်းကွာ အိပ်ပုတ်ကြီးလိုက်တာ...."

"အိပ်ပုတ်ကြီးဆို ငါတို့ညကဘယ်အချိန်မှအိပ်ရလဲမင်းသိလို့လား....ညတုန်းက...."

ကျွန်တော့်စကားမဆုံးသေးခင် Taeyong ကမျက်ရိပ်မျက်ကဲပြလိုက်တာကြောင့်စကားတွေကိုရပ်တန့်လိုက်ရတယ်။

ကျွန်တော်တို့ရေအတူချိုးခဲ့တာကိုသူအခုထိရှက်နေပုံပါပဲ။

ကျွန်တော်လည်းသူပိုရှက်သွားမှာစိုးလို့ဆက်မပြောပဲနေလိုက်ပါတယ်။

"ညတုန်းကဘာဖြစ်လို့လဲ Jaehyun..?"

အလိုက်ကမ်းဆိုးမသိတဲ့ Doyoung ကလည်းစကားပေါရုံတင်မကစပ်ကလည်းစုတတ်သေး။

"aww... ညကအိပ်ရာပြောင်းဆိုတော့သိပ်အိပ်မပျော်ဘူးလေ..."

"မင်းကတော့ဖြစ်ရမယ်... နောက်တော့ကျင့်သားရသွားမှာပါကွာ..."

"Omm..."

ထို့နောက်ကျွန်တော်တို့သုံးယောက်အတူမနက်စာပေါင်မုန့်နဲ့ကြက်ဥကြော်ကိုနွားနို့နဲ့လိုက်ဖက်စွာစားခဲ့ကြတယ်။

Taeyong လည်းအခုကျွန်တော်တို့နဲ့နေမှပျော်နေပုံပဲ။ သူပျော်နေတာလေးကိုမြင်ရတော့ကျွန်တော်ကြည်နူးတယ်။ သူ့ကိုပျော်အောင်လုပ်ပေးခဲ့နိုင်တာကိုဝမ်းသာမိတယ်။

YestodayWhere stories live. Discover now