သူအရမ်းချစ်တဲ့သူ့အဘွားဆုံးသွားပြီဆိုတဲ့သတင်းကိုကျွန်တော်သူ့ကိုပြောမထွက်ခဲ့ဘူး။
ငယ်ငယ်ကတည်းကအတူနေလာခဲ့ပြီးအဘွားကိုချစ်တဲ့သူဟာကျွန်တော်ပြောလိုက်မယ့်စကားကြောင့်စိတ်ထိခိုက်သွားမှာမလိုလားဘူး။
သူစိတ်ထိခိုက်သွားမှာကိုကြောက်လို့ပညာအရည်အချင်းသိပ်မပြည့်စုံတဲ့သူ့ကိုမဖြစ်နိုင်တဲ့စကားတွေနဲ့လိမ်လိုက်မိတယ်။
စိတ်ထဲမှာတော့သူ့ကိုတောင်းပန်စကားအကြိ်မ်ကြိမ်ပြောနေပေမယ့်သူစိတ်ထိခိုက်ပြီးငိုနေမယ့်ပုံလေးကိုမမြင်ချင်တဲ့အတွက်ကြောင့်လိမ်လိုက်ရတယ်။
ကျွန်တော့်အိမ်နီးချင်းဖြစ်တဲ့သူဟာသူ့ပထွေးကြောင့်အော်ဟစ်ငိုယိုနေတဲ့အသံပေါင်းစုံကိုနေ့တိုင်းကြားနေရလို့အခုချိန်မှာသူ့အဘွားဆုံးသွားပြီဆိုတဲ့သတင်းကြောင့်သူထပ်ငိုတာကိုကျွန်တော်မကြည့်ရက်ဘူူး။
အဘွားကိုတွေ့ချင်လွန်းလို့မျှော်လင့်ချက်ကြီးစွာမျက်နှာငယ်လေးနဲ့စောင့်နေတဲ့သူ့ကိုဆုံးသွားပြီဆိုတဲ့သတင်းပြောလိုက်မိရင်သူ့ကိုပါသတ်သလိုဖြစ်ပြီးသူ့စိတ်တွေချုပ်ငြိမ်းသွားမှာစိုးရိမ်မိတယ်။
အခုချိန်မှာသူ့ရဲ့အားကိုးဖော်ဟာကျွန်တော်တစ်ယောက်တည်းသာဖြစ်လို့ကျွန်တော်သာသူ့ကိုထားသွားလိုက်ရင်သူ့ဘဝလေးလည်းမတွေးရဲစရာတွေဖြစ်ကုန်မှာကိုမလိုလားဘူး။
ကျွန်တော့်လိုလူနဲ့သူအတူနေရင်တစ်ချိန်ကျရင်သူနောင်တအကြီးအကျယ်ရမယ်ဆိုတာသိပေမယ့်လည်းအခုရှုပ်မှနောင်ရှင်းဆိုသလိုကျွန်တော်ချစ်မိသွားတဲ့သူ့ကိုတော့အခုချိန်ခဏလေးအတွင်းမှာပိုင်ဆိုင်ပါရစေ။
"သွားရအောင်..."
"......"
ကိုယ်လိုချင်တာမရလို့စိတ်ပျက်နေတဲ့ကလေးတစ်ယောက်လိုကျွန်တော်ပြောလိုက်တော့ဘာမှပြန်မတုံ့ပြန်ပဲကျွန်တော့်နောက်ကနေနှေးကွေးလွန်းလှတဲ့ခြေလှမ်းတွေနဲ့လိုက်လာတယ်။
အခုကျွန်တော့်မှာပြန်စရာအိမ်မရှိတော့သလိုသူ့မှာလည်းအိမ်မပြန်ချင်တဲ့အနေအထားဖြစ်နေတယ်။
![](https://img.wattpad.com/cover/144541828-288-k176849.jpg)
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚