သူ့လက်နုနုလေးတွေကိုလွတ်ထွက်မှာစိုးတဲ့စိုးရိမ်စိတ်တွေနဲ့တင်းကြပ်စွာဆုပ်ကိုင်ပြီးအဝေးဆုံးတစ်နေရာကိုကျွန်တော်တို့ထွက်ပြေးခဲ့ကြတယ်။
ပတ်ဝန်းကျင်တစ်ဝိုက်တိုက်ခတ်နေတဲ့လေညှင်းလေးတွေကပြေးလွှားနေတဲ့ကျွန်တော်တို့နှစ်ယောက်ကိုကြမ်းတမ်းစွာရိုက်ခတ်နေသလိုပဲ။
ကျွန်တော့်လက်တွေကိုသူ့လက်တွေနဲ့သံလိုက်အလားကပ်ထားလျက်ရှိပြီးလေပြင်းတွေကြားမှာအဝေးဆုံးတစ်နေရာကိုကျွန်တော်တို့ပြေးခဲ့ကြတယ်။
မြို့စွန့်နားရောက်ခါနီးအချိန်မှာပြေးနေရာကရပ်လိုက်ဖို့သူ့ဘက်ကပြောလာတယ်။
"မောနေပြီ...ဆက်မပြေးနိုင်တော့ဘူး.."
မောဟိုက်နေတဲ့အသံနဲ့မြေကြီးပေါ်ထိုင်ချလိုက်ပြီးကျွန်တော့်ကိုပါထိုင်ဖို့လက်ဟန်ခြေဟန်ပြတယ်။ အရမ်းမောနေလို့စကားတောင်မပြောနိုင်တော့တဲ့ပုံပါပဲ။
လူပြတ်တဲ့နေရာမို့လို့ကျွန်တော့်မျက်နှာပေါ်မှာတပ်ထားတဲ့ mask ကိုဖြုတ်လိုက်တယ်။
ကျွန်တော်တို့နဲ့မလှမ်းမကမ်းမှာတိုက်ပြတ်ကြီးတစ်ခုရှိနေပြီးမြက်ခင်းပြင်အဟောင်းကြီးကလည်းလွမ်းဆွေးစွာရှိနေတယ်။
ဆက်သွားရင်မြို့ပြင်ရောက်ပြီဖြစ်တာကြောင့်ဒီနားတင်ပဲရပ်ပြီးနားနေလိုက်တယ်။
ကျွန်တော်နဲ့သူနေတဲ့နေရာကမြို့လည်ခေါင်မဟုတ်ပေမယ့်မြို့စွန်မြို့ပြင်နေရာလည်းမရောက်တာကြောင့်ဒီအထိပြေးလာခဲ့ရတဲ့ကျွန်တော်တို့နှစ်ယောက်အရမ်းကိုမောပြီးပင်ပန်းနေပြီဖြစ်တယ်။
လမ်းတစ်လျှောက်လူတွေရဲ့မသင်္ကာတဲ့အကြည့်ကိုခံခဲ့ရပေမယ့်လည်းလျစ်လျူရှုကာဒီလိုလူပြတ်တဲ့နေရာအထိရောက်အောင်ပြေးခဲ့ကြတယ်။
အမောပြေပြီဆိုတဲ့အချိန်ရောက်မှပြေးလာခဲ့တဲ့မြို့ထဲသို့ပြန်လျှောက်ခဲ့ကြပြီးချွေးထုတ်ခန်းတစ်ခုသို့အနားယူဖို့ဝင်လာခဲ့ကြတယ်။
"ငယ်ငယ်တုန်းက...."
ချွေးထုတ်ခန်းထဲရောက်လို့တူညီဝတ်စုံတွေကိုလဲကြပြီးဖျာပေါ်လှဲနေကြတဲ့ကျွန်တော်တို့နှစ်ယောက်ကြားမှာတိတ်ဆိတ်နေခဲ့ပေမယ့်သူ့ဘက်ကတိုးညှင်းတဲ့စကားသံလေးစတင်လာတယ်။
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚