အရိပ်မည်းဆီကနေ ကျွန်တော်ရှောင်ပြေးလာခဲ့တာအခုဆိုလမ်းကျဉ်းလေးထဲက အမှိုက်ပုံးဘေးရောက်နေပြီ။
ခြေသံကြားလို့ ခိုးကြည့်လိုက်တဲ့အချိန်မှာ ဘောင်းဘီအနီနဲ့အမည်းကွက်ကိုဝတ်ပြီး အကျႌလက်ပြတ်အညိုရောင်နဲ့ Haechan ကိုတွေ့လိုက်ရတယ်။
သည်းထိတ်ရင်ဖိုကားကြည့်ရင် ခံစားရသလိုမျိုး၊ငယ်ငယ်တုန်းကတူတူပုန်းတမ်းဆော့ရင်ဖြစ်သလိုမျိုး ကျွန်တော့်အခြေအနေက အခုအဲ့လိုဖြစ်နေတယ်။
Haechan မမြင်အောင် အမှိုက်ပုံးအနောက်ကိုအသာလေးသွားလိုက်ရင်း အသံတိတ်ပုန်းနေမိတယ်။ တိတ်ဆိတ်တဲ့ညချမ်းမှာ အခုကျွန်တော်တို့ရောက်နေတဲ့လမ်းကျဉ်းလေးထဲက ရပ်ကွက်ဟာလည်း မည်းမှောင်လို့ အားလုံး အိပ်နေကြပြီထင်တယ်။
အပ်ကျရင်တောင်ကြားနိုင်မည့် တိတ်ဆိတ်မှုကြောင့်ကျွန်တော်အသက်တောင်မရှုရဲ။ ပြတိုက်ထဲကျောက်ရုပ်နဲ့ မခြားမလှုပ်မယှက်နေ နေရတယ်။
Haechan ကဘေးပတ်ပတ်လည်ကို ရှာနေပြီး အရှေ့ကိုဆက်ပြေးသွားတယ်။ ခဏကြာတော့ပြန်လှည့်လာပြီး ထပ်ရှာတယ်။ သူဒီနားမှာ သင်္ကာမကင်း ဖြစ်နေပုံရတယ်။
တစ်လမ်းလုံးနှံ့နေအောင် ရှာပြီးမှ နောက်ဆုံး မသင်္ကာစရာ အမှိုက်ပုံးနားကို သူရောက်လာတယ်။ ကျွန်တော် ကြောက်လွန်းလို့ သေတော့မယ်လို့တောင် ထင်ရတယ်။
အဖမ်းခံရလို့ထောင်ထဲ ရောက်သွားမှာကို ကြောက်တာမဟုတ်ဘူး။ Taeyong ကိုမပြောပဲ ခွဲသွားရမှာ ကြောက်တာ။ နောက်ဆုံး ကျွန်တော် ထောင်ထဲမဖြစ်မနေ သွားရတော့မယ်ဆိုရင်တောင်မှ Taeyong ကို ကျွန်တော် နှုတ်ဆက်ပြီးမှ သွားချင်တယ်။ ကျွန်တော် ထောင်ထဲမှာ ရောက်နေကြောင်းကို သူ့ကိုအသိပေးပြီးမှ သွားချင်တယ်။
အမှိုက်ပုံးဆီကို ဦးတည်လျှောက်လာနေတဲ့ Haechan ရဲ့ခြေသံဟာ Zombie ကားထဲက တရွတ်တိုက် လျှောက်လာနေတဲ့ Zombie တစ်ကောင်လိုမျိုးနဲ့တူနေတယ်။ ပြေးလာရလို့ လမ်းမှာ သူချော်လဲသွားတဲ့အချိန် ကျွန်တော် ဒီလမ်းကျဉ်းလေးထဲ ပြေးဝင်ပုန်းနေခဲ့တာဖြစ်တယ်။ ချော်လဲတုန်းက ဒဏ်ရာ ရသွားပုံရတဲ့ Haechan ဟာ အခုတော့ Zombie တစ်ကောင်လို လာနေတဲ့ ခြောက်ချားဖွယ် ခြေသံတွေနဲ့ ကျွန်တော့်ကို ပိုလန့်စေတယ်။
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚