ကျွန်တော်သူ့နားသွားပြီးလက်ဆွဲခေါ်ကာအိမ်ထဲဝင်ရန်ပြောမှကျွန်တော့်နောက်ကနေကုတ်ကုတ်လေးလိုက်လာတယ်။
Doyoung ရဲ့အိမ်မို့လို့သူ့အတွက်သူစိမ်းဆန်ချင်ဆန်နေလိမ့်မယ်။ ဒါပေမယ့်လည်းအဲ့လိုပြောကြေးဆိုရင်သူနဲ့ကျွန်တော်လည်းသူစိမ်းတွေပဲ။
သူကသာပထွေးနဲ့မနေချင်လို့အိမ်နီးချင်းဖြစ်တဲ့ကျွန်တော့်နောက်တစ်ကောက်ကောက်လိုက်လာခဲ့တာ။
အိမ်နီးချင်းဆိုတာကလွဲရင်သူနဲ့ကျွန်တော်ကြားဘာဆက်ဆံရေးမှမရှိ။
ဒါပေမယ့်သနားစိတ်ကနေသူ့ကိုချစ်မိသွားတဲ့ကျွန်တော်ကတော့ကိုယ့်ကိုယ်ကိုယ်နောင်တရမိတယ်။
ကျွန်တော့်လိုလူကသူ့လိုကောင်လေးနဲ့မှမထိုက်တန်ပဲ...သူ့လိုဖြူစင်ရိုးသားတဲ့ကောင်လေးကအကျည်းတန်ရက်စက်တဲ့ကျွန်တော့်ဘဝထဲကိုဝင်မလာခဲ့သင့်တာ... ဒါပေမယ့် အချစ် ဆိုတဲ့အရာကိုတော့ဘယ်အရာမှမတားဆီးနိုင်ဘူး....သူ့ကိုချစ်မိသွားတဲ့ကျွန်တော့်အချစ်က သနားစာနာခြင်းကင်းမဲ့ပြီး အခုဖြစ်ပျက်နေတဲ့ကျွန်တော့်ဘဝဆိုးကြီးကိုခဏတာမေ့ပျောက်စေတယ်။
သူ့လက်ကိုဆွဲလို့အိမ်ထဲဝင်သွားပြီးနောက်ဝတ္တရားအရကျွန်တော်မိတ်ဆက်ပေးလိုက်တယ်။
"သူက Doyoung တဲ့.. ငါ့သူငယ်ချင်း.... Doyoung သူ့နာမည်က taeyong တဲ့.. ငါ့အိမ်နီးချင်း...."
သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ပြုံးပြလိုက်ကြပြီးရင်းနှီးမှုအနည်းငယ်ရသွားကြတယ်။
"Taeyong သူကငါ့သူငယ်ချင်းမို့လို့ဘာမှအားနာစရာမရှိဘူး... လွတ်လွတ်လပ်လပ်နေ..."
"ဒါပေမယ့်..."
"ဘာဖြစ်လို့လဲ taeyong??"
"အဖွားကရော...."
အဘွားချစ်တဲ့ကလေးငယ်ဟာသူ့အဖွားဆီပဲသွားချင်နေသလိုပူဆာနေတဲ့သူ့မျက်နှာငယ်လေးကိုကြည့်ပြီးစိတ်မကောင်းကဖြစ်လာရပြန်တယ်။
ဘာလို့လဲကွာ....မင်းဒီလိုဖြစ်နေရင်...ငါအရမ်းစိတ်ရှုပ်ရလို့ပါ....Taeyong ရယ်...ကျေးဇူးပြုပြီး....
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚