Yestoday «Final»

710 84 4
                                    

Johnny.

မူးယစ်ဆေး ရောင်းဝယ်မှုနှင့် အဖမ်းခံလိုက်ရသော သူဌေးရဲ့ သစ္စာရှိ ခိုင်းဖက်ထဲမှ တစ်ယောက်။

ကျွန်တော် ပိုက်ဆံတွေအကုန်ယူပြီး ထွက်ပြေးသွားတဲ့အထိ သူနေခဲ့တာကို ပြန်သတိရမိသည်။

သူဟာ သူဌေးထောင်ထဲရောက်ထဲ ရောက်သွားသည် အထိ ထောင်မှုးကိုခွင့်တောင်းပြီး လိုက်တွေ့ခဲ့သူဖြစ် တယ်လို့ သတင်းလည်းရဖူးသည်။

ဒီလက်ရေးဟာ သူ့လက်ရေးဆိုတာ သိလိုက်ရချိန်မှာ တော့ ဆိ်ုင်ထဲမှာ ပိုက်ဆံရှင်းရင်း ကျွန်တော့်လက် ကို မထိတထိတောက်သွားပြီး ရန်စတဲ့သဘောမျိုး လုပ်သွားတဲ့သူ့အကြည့်တွေထဲက အဓိပ္ပာယ်ကို သဘောပေါက်လိုက်သည်။

ရင်းနှီးနေတဲ့မျက်ဝန်းတွေက Johnny ပဲဆိုတာကို ကျွန်တော့်ကို သတင်းပေးနေသည်။

"တောက်... Taeyong မင်းဆီကို ဒီစာ ဘယ်လိုရောက်လာတာလဲ.."

"Bell တီးလို့တံခါးထဖွင့်တော့... တံခါးမှာ ကပ်ထားတာကို တွေ့တာပဲ.."

ကြောက်ကြောက်လန့်လန့်နှင့် ပြောနေသောသူ့အသံများသည် ကျွန်တော့်ရင်ကို ဓားနှင့် အချက်ပေါင်းများစွာ ထိုးစိုက်နေသလို။

"မင်းဘာမှမကြောက်နဲ့.. ငါတစ်ယောက်လုံးရှိတယ်.."

"Jaehyun..ငါတို့ကို တစ်ယောက်ယောက်စောင့်ကြည့်နေတယ်ထင်တယ်... ငါ..ငါတို့ ထွက်ပြေးကြမလား... "

"သူ့ကိုသွားတွေ့ပြီး ဖြေရှင်းကြတာပေါ့..."

"ဟင့်အင်း.. ငါကြောက်တယ်... မတွေ့ရဲဘူး.."

"ငါတစ်ယောက်လုံးပါတာပဲကွာ.. ငါ့နောက်မှာသာနေ ဘာမှမဖြစ်စေရဘူး.."

နက်မှောင်သော ပတ်ဝန်းကျင်က ကျွန်တော်တို့ကို ခြောက်ချားစေသည်။

အုတ်ကျိူးပဲ့စများက်ို ဖြတ်ကျော်ရင်း ဂိုထောင်ဟောင်းတစ်ခုထဲသို့ ရောက်ရှိလာကြသည်။

ကျွန်တော် Taeyong လက်ကိုတင်းကြပ်နေအောင်ကိုင်ထားသည်။ သူ့လက်နှစ်ဖက်လုံးက ကျွန်တော့်လက်ပေါ်မှာ ဆုပ်ကိုင်ထားသည်။

တုန်ယင်နေသော ခံစားချက်ကို သူ့လက်မှ တစ်ဆင့်ရလိုက်သည်။

YestodayWhere stories live. Discover now