တံခါးတွင်ရှိသောလူကြည့်ပေါက်သေးသေးလေးမှတစ်ဆင့်သူ့ကိုခိုးကြည့်နေမိရာမှသူကကျွန်တော်နဲ့မျက်နှာချင်းဆိုင်အခန်းကဆိုတာအံ့သြစွာနဲ့သိလိုက်ရတယ်။
မနက်ကကြားခဲ့ရတဲ့အသံတွေကလည်းကျွန်တော့်အခန်းရှေ့တည့်တည့်ကလာတဲ့အသံတွေပဲဖြစ်မယ်လို့ကျွန်တော်မှတ်ယူမိတယ်။
သူ့ရဲ့အားငယ်ပြီးစိတ်ဓာတ်ကျနေတဲ့မျက်နှာလေးကိုမြင်တိုင်းသူ့ကိုအော်ပြီးရိုက်တဲ့လူကြီးကိုမုန်းမိတယ်။
သနားစရာကောင်းတဲ့သူ့ဘဝလေးကိုသိလိုက်ရတော့ကျွန်တော့်စိတ်ထဲလည်းမကောင်းဖြစ်မိတယ်။
နိုင်ငံခြားကိုတိတ်တဆိတ်ထွက်သွားဖို့ပြင်နေတဲ့ကျွန်တော်နဲ့ယှဉ်ရင်တော်သူကအများကြီးသာပါသေးတယ်။
ကိုယ်လုပ်ထားတဲ့အပြစ်ကြောင့်ရဲတွေ၊စုံထောက်တွေ၊ရန်သူတွေအမြဲလိုက်ရှာနေရလို့ပုန်းကွယ်နေနေရတဲ့ကျွန်တော့်အဖြစ်နဲ့စာရင်တော့သူ့ဘဝလေးကအဆူခံ၊အရိုက်ခံရရုံကလွဲလို့တော်သေးတယ်လို့ပဲဆိုရမယ်။
အခုလည်းသူ့ကိုချောင်းကြည့်နေမိရာက laptop ရှေ့သို့ရောက်လာမိပြီ။
Canada ကိုအရမ်းသွားချင်နေလို့ google မှာ self study အနေနဲ့ english စာသင်ပြီး Canada နိုင်ငံအကြောင်းတွေစုံစမ်းကာ Maple ရွက်ပုံသဏ္ဏာန်ရှိတဲ့ Canada အလံကအစအခန်းထဲမှာကပ်ထားမိတဲ့အထိပါပဲ။
ဒီလိုနဲ့တိတ်ဆိတ်ခြောက်သွေ့လှတဲ့ညနေစောင်းဟာကုန်ဆုံးသွားပြန်တယ်။
နေ့ရက်တိုင်းကိုဒီအခန်းကျဉ်းလေးထဲကနေ laptop တစ်လုံးရှေ့မှာကုန်ဆုံးနေရတဲ့ကျွန်တော့်ဘဝကတစ်ဖြည်းဖြည်းနဲ့အဓိပ္ပာယ်မဲ့လာနေပြီဖြစ်တယ်။
ညနေကနေည၊ညကနေမနက်၊ဒီလိုနဲ့လည်ပတ်နေတဲ့အချိန်တွေနဲ့အတူနေမင်းကြီးကလည်းဝင်လိုက်၊ထွက်လိုက်နဲ့ပြောင်းလဲနေပေမယ့်ကျွန်တော်ကတော့အဲ့ဒီဝင်လိုက်၊ထွက်လိုက်ဖြစ်နေတဲ့နေမင်းကြီးကိုတောင်တစ်ခါမှရှင်းရှင်းလင်းလင်းမမြင်ဖူးသေးတဲ့အထိဘဝကြီးကမှောင်မိုက်လွန်းတယ်။
ဒီလိုနဲ့တစ်နေ့တာကုန်ဆုံးသွားပြီးနောက်နေ့မနက်မှာစားစရာတွေဝယ်ဖို့အပြင်ကိုတိတ်တဆိတ်ထွက်လာခဲ့တယ်။
YOU ARE READING
Yestoday
Fanfictionမနက်ဖြန်ဆိုတာမရှိဘူး....မင်းပြန်လာတဲ့ထိ.... နေ့ရက်တိုင်းက....မနေ့ပဲ.... Yesterday + Today Jaeyong 💚 NCT 💚