ကျွန်တော်နဲ့ဟန်လေးရဲ့ ဆက်ဆံရေးက အဲ့ဒီ့နေ့မှာဘဲ လုံးဝပြောင်းလဲသွားခဲ့ပါတယ်......
အရင်လိုအတူတူရှိနေကြဖို့ မပြောနှင့် အိမ်နီးနီးလေးကိုတောင် တစ်ပတ်နေလို့ တစ်ခါမတွေ့ဖြစ်ကြတော့ဘူး......
သူလည်း ကျွန်တော့ဆီမလာသလို
ကျွန်တော်လည်းသူ့ဆီ မသွားမိတော့ဘူး....
သူလည်း သူချစ်ရတဲ့သူနဲ့ ပျော်နေပြီလေ....
ကျွန်တော်ကတော့ သူ့တင်တဲ့ပုံလေးတွေကို ကြည့်ရင်း
အလွမ်းဖြေရတာပေါ့.....
တစ်ခါတစ်လေ ပုံထဲမှာ တစ်စုံတစ်ယောက်သောသူနဲ့ တွဲမြင်ရတာကို နာကျင်ရတာကလွဲပြီး အရာအားလုံးက
ကျွန်တာ့အတွက် အဆင်ပြေနိုင်ခဲ့ပါတယ်....
ဒီလိုနဲ့ဘဲ ကျွန်တော်တို့နှစ်ယောက် ဝေးကွာမှန်းမသိ
တဖြည်းဖြည်းဝေးကွာလာခဲ့ကြတယ်......
"သမီးလေးက....ချောလိုက်တာ...."
ဒေါ်မြတ်သာက ယုမိကိုကြည့်ရင်း ချီးကျူးစကားဆိုသည်။
တကယ်ပင် ယုမိက ယဉ်ယဉ်လေးနှင့် ခေတ်လည်းဆန်သည်။ ထက်မြက်သည့် မိန်းကလေးတစ်ယောက်ဖြစ်မှန်း အပြောအဆို အနေအထိုင်တို့ကိုကြည့်ရုံနှင့် သိနိုင်သည်။
အမေဖြစ်သူနှင့် စကားကောင်းနေသော ယုမိအား
မကျေမနပ်နှင့် ကြည့်နေသူက ဟန်သာပင်.....။
ယုမိကို တွဲကြရအောင်လို့သာ ပြောလိုက်ပေမဲ့
တကယ်တမ်းကျ ဟန်သာ့ဘက်က ကင်းကင်းရှင်းရှင်း နေခဲ့ပါသည်။
ယုမိကသာ ဟန်သာ့ကျောင်းသို့ လိုက်လာပြီး
သူငယ်ချင်းတွေကြားမှာ မျက်နှာယူ....
အိမ်အထိလိုက်လာပြီး မိဘတွေရှေ့မှာ အမှတ်တွေယူပြနေတာ တကယ်ကိုမလွယ်တဲ့ မိန်းကလေးတစ်ယောက်ပင်။
သူလည်းသိမှာပါ။ ကျွန်တော်သူ့ကိုမချစ်ဘူးဆိုတာ...
သိရက်နှင့် ဒီလိုမျိုးတွေ လိုက်လုပ်နေတာ ကျွန်တော်တကယ် စိတ်ကျဉ်းကြပ်ရသည်။
အခုလည်း မနက်အစောကြီးထဲက
ချိုင့်နှစ်ချိုင့်နှင့် ရောက်လာပြီး မေမေနှင့်စကားဖောင်ဖွဲ့
ပြောနေပြန်သည်။
"အန်တီ့သားလေးကို အန်တီက ကလေးဘဲ ရှိသေးတယ် ထင်နေတာ...အခုကြည့်ပါဦး ဒီလောက်လှပြီး လိမ္မာတဲ့သမီးလေးကို ရှာတွေ့တာ....."
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...
