အနက်ရောင်ဆလွန်းကားလေးတစ်စီးသည်
ကျယ်ဝန်းသော ကျောင်းဝန်းကြီးထဲသို့ တရွေ့ရွေ့ဝင်လာသည်။ကားတံခါးကိုဖွင့်ကာ ဆင်းလာသော ကောင်လေးနှစ်ယောက်သည် အဖြူရောင် အထပ်မြင့်ကျောင်းဆောင်ဆီသို့ ဦးတည်လျက်.....
တစ်ယောက်ကတော့ ပြောင်လက်အောင်
တိုက်ထားတဲ့ ရှူးဖိနပ်အနက်ရောင်လေးစီးထားပြီး ယူနီဖောင်း အဖြူအနက်ဝတ်စုံလေးကို ဝတ်ဆင်ကာ တစ်လှမ်းချင်း ဟန်ပါပါ လျှောက်လှမ်းလာသော ကောင်လေးဖြစ်ပြီး.....ထိုကောင်လေး၏ဘေးတွင် ထမင်းချိုင့်နှစ်ချိုင့်
ဆွဲကိုင်ကာ ပါးချိုင့်လေးများပေါ်အောင် ပြုံးနေသော ကောင်လေးသည်လည်း ဆင်တူယူနီဖောင်းဝတ်စုံလေးနှင့်
စတိုင်ကျကျ လျှောက်လှမ်းလာနေသည်။ထိုကောင်လေးနှစ်ယောက်ကို မြင်လိုက်ရသူတိုင်း အရမ်းချစ်ကြမည့် သူငယ်ချင်းများ ဖြစ်ကြမည်ကို မတွေးမိတဲ့သူ မရှိလောက်အောင် သူတို့ရဲ့ ရင်းနှီးသော ဆက်ဆံပုံတွေက သက်သေပြလျက်ရှိသည်။
'ဟန်လေး....ထမင်းချိုင့်ယူဦးလေ....မေ့ချင်ယောင်ဆောင်နေတာလား....မသိရင် ငါက မင်းအခိုင်းအစေကျနေတာဘဲ....ရော့....'
ဟန်သာ မသိချင်ယောင်ဆောင်နေသော်လည်း လက်ထဲသို့ ထမင်းချိုင့် အတင်းလာထည့်ပေးနေသော ဖြိုးမင်းသူရကြောင့် ထမင်းချိုင့်အား မယူချင်ယူချင်ဖြင့် ယူလိုက်ရလေသည်။
'ငဖြိုး....မနေ့ကိစ္စ ပိုင်ဦးမောင်ကို ပြန်မပြောနဲ့နော်....'
နဖူးပေါ်ကျနေသော ဆံပင်အချို့ကို သပ်တင်ကာ
စတော်ဘယ်ရီရောင် နှုတ်ခမ်းဖူးဖူးလေးကို ထော်ကာထော်ကာ မျက်နှာငယ်လေးနှင့်ပြောနေသည်မှာ
ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းနေလေသည်။'မနေ့ကကိစ္စဆိုတာ ဘယ်ဟာကိုပြောတာလဲ......'
ဟန်သာ့ကို နောက်ချင်၍ ဖြိုးမင်းသူရ ရုပ်တည်ဖြင့် မသိချင်ယောင်ဆောင်ကာ မေးလိုက်တော့
'ငါပြောတာကို မင်းတကယ်မသိတာလား....မသိချင်ယောင်ဆောင်နေတာလား.....'
ထုံးစံအတိုင်း မျက်စောင်းဖြင့်ပြန်ကြည့်ကာ ပြောပြန်သည်။
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...