Part 26(Unicode)

2.4K 134 0
                                        


အနက်ရောင်ကားလေးတစ်စီးသည်
ပဲခူးကားလမ်းမ တစ်လျှောက်တွင် ပြေးဆွဲလျှက်ရှိသည်။
ကားအတွင်းပိုင်းရှိ ကောင်လေးနှစ်ယောက်မှာမူ
တိတ်ဆိတ်ငြိမ်သက်လျက်......သူတို့အကြား၌ ကြားနေရသော အသံသည် ပြတင်းပေါက်မှတစ်ဆင့် တိုးဝင်လာသည့် လေတိုးသံသာရှိသည်။

"ကျွီ.........."

ရုတ်တရက် အနက်ရောင်ကားလေးသည် ကားလမ်းမဘေးသို့ ချိုးကွေ့ကာ ရပ်တန့်လိုက်သည်။

ကားစက်သတ်ပြီးနောက် ကားမောင်းသူနေရာမှ ကောင်လေးသည် ခါးပတ်ကိုဖြုတ်လိုက်ပြီး ဘေးထိုင်ခုံမှ
ကောင်လေးဘက်သို့လှည့်ကာ စကားဆိုလေသည်။

"မင်းဘာလို့မပြောခဲ့တာလဲ ဟန်လေး........"

အခုအချိန်ထိ ဘာတွေဖြစ်နေမှန်း ကျွန်တော်မသိပါ....။
ရုတ်တရက်ကြီး ငဖြိုးရောက်လာပြီး ကျွန်တော်မထင်မှတ်ထားသည့် အပြုအမူကိုလုပ်သည်။
သူခေါ်ရာနောက် ကျွန်တော် ဘာမှမပြောဘဲ လိုက်ခဲ့သည်။
အခုလည်း မေးခွန်းမေးနေပြန်ပြီ....။

"ဘာ....ဘာကိုလဲ......"

ကျွန်တော့ပြန်မေးတာကို မဖြေဘဲ အနက်ရောင်စာအုပ်တစ်အုပ်ကိုသာ ထုတ်ပြသည်။
ရင်းနှီးနေသောစာအုပ်လေး....မဟုတ်မှလွဲရော....

"ဒါ......ဒါ........"

"ဟုတ်တယ်....ငါအကုန်သိပြီးသွားပြီ ဟန်လေး......
ဒီအတောအတွင်း....မင်းဘယ်လိုများနေခဲ့လဲ....
ငါ့ရှေ့မှာ ဘာမှမဖြစ်ဟန်ဆောင်ပြီးတော့လေ....ငါ့ကို
ဘယ်လိုများဆက်ဆံနိုင်ခဲ့လဲ.....အဆိုးဆုံးက မင်းယုမိကို
သဘောကျချင်ယောင်ဆောင်ခဲ့တာဘဲ.....မင်းဘာလို့ဒီလို
လုပ်ခဲ့ရတာလဲဟန်လေး.....မင်းဘာလို့ လိမ်ခဲ့ရတာလဲ....."

"ငါရောလိမ်ချင်လို့လိမ်တယ်များ မင်းထင်နေလား.....
မင်းရှေ့မှာ မင်းနဲ့ပြောဆိုဆက်ဆံတိုင်း.... ငါဘာမှမဖြစ်ဘူးလို့မင်းထင်လား......
ငါအရမ်းပင်ပန်းတယ်ငဖြိုး....."

ကျွန်တော့ရှေ့က ကောင်လေး၏ မျက်ရည်တွေကို
ဖယ်မသုတ်ပေးမိ။ မျက်လုံးတွေဝေဝါးလာသောကြောင့်
ကျွန်တော်ကိုယ်တိုင်သည်လည်း မျက်ရည်ကျနေတယ် ထင်ပါသည်။

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now