"အေး..........." တဲ့လား....
အနည်းဆုံးတော့ မင်းကိုငါရည်းစား မထားစေချင်သေးဘူးလို့ ပြောမယ်ထင်ခဲ့တာ
သူငယ်ချင်းတစ်ယောက် အနေနဲ့ပေါ့...."မင်းပြန်တော့ ငဖြိုး....ငါစာရင်းတွေတွက်စရာ
အများကြီးရှိသေးတယ်....""အေး..အေးပါ...ငါသွားတော့မယ်....."
မင်းပျော်ရွှင်ပါစေ.....
မင်းအတွက် ငါ့နှလုံးသားတစ်ခုလုံးကို ရင်းထားတာမို့လို့
မင်းပျော်မှဖြစ်မယ်......အကောင်းအတိုင်း မဟုတ်တော့တဲ့
ကိတ်မုန့်ပဲ့လေးတစ်ခုလို ကျွန်တော်စိတ်ကူးယဉ်ထားတဲ့
ဘဝတစ်ခုဟာလည်း ဘယ်တော့မှပြည့်စုံလာမှာ
မဟုတ်တော့ဘူး......ငဖြိုးတောင် သူချစ်တဲ့သူကို ကျွန်တော့လက်ထဲ
ထည့်နိုင်သေးတာဘဲ ကျွန်တော်ကဘာလို့ လက်မခံနိုင်ရမှာလဲ......."တူ......တူ......တူ......"
အိပ်ဖို့ပြင်နေတုန်း ဝင်လာတဲ့ဖုန်းသံကြောင့်
မေနှင်းကုတင်ဘောင်မှာ တင်ထားတဲ့ ဖုန်းကိုယူကာ ကြည့်လိုက်တော့ contact nameက
"အကိုဟန်သာ"......မေနှင်းဆီကို တစ်ခါမှဖုန်းမဆက်ဖူးတဲ့သူက
အကိုဖြစ်သူဆီမဆက်ဘဲ ကိုယ့်ဆီကိုဆက်လာတော့
အကြောင်းကိစ္စတစ်ခုခုရှိ၍ ဖြစ်လိမ့်မည်။ ဖုန်းကိုသာ
အလျင်အမြန် ကောက်ကိုင်လိုက်ရင်း........."ဟဲလို.....အကို.....ဒီအချိန်ကြီး
မေနှင်းဆီ ဘာဖြစ်လို့ဆက်တာလဲ.......""မေနှင်း......အကို့ကို ယုမိဖုန်းနံပါတ်ပေးပါ......"
"ယုမိဖုန်းno.....အကိုဘာလုပ်မို့လဲ......."
"နောက်တော့မေနှင်းသိရမှာပေါ့....အခုတော့
ယုမိဖုန်းnoသာ အကို့ကိုပေး....""ဟုတ်....ဟုတ်.....အကိုလိုက်မှတ်နော်
09756044213....."
(AN/ဖုန်းnoကလျှောက်ရေးထားတာ သွားမဆက်ကြနဲ့နော်....xd)"ကျေးဇူး.....မေနှင်း....."
"ရပါတယ်....."
အလင်းမှိန်သွားသော ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း.....
*ယုမိဖုန်းကိုတောင်းတာ ဘာလုပ်မို့လဲ....
မေးတော့လည်း...နောက်တော့သိရမယ်တဲ့....
အကိုဟန်သာ ဘာတွေကြံနေတာလဲမသိဘူး......"
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...