"ကျွန်တော်.....ကန့်ကွက်ပါတယ်......."
အားလုံးရဲ့အကြည့်က ဖြိုးမင်းသူရဆီသို့ စုပြုံလျှက်....
ဇာတ်လိုက်နှစ်ယောက်ရဲ့ အကြည့်တို့က ဖြိုးမင်းသူရဆီသို့
ရောက်ရှိချိန်.....တစ်ယောက်ရဲ့မျက်နှာဟာ သိသိသာသာ ပျက်ယွင်းလျှက်....နောက်တစ်ယောက်ရဲ့မျက်နှာကတော့
အံ့ဩခြင်းများ ပြည့်နှက်လျှက်.......
ဘုန်းတော်ကြီးရဲ့
ကန့်ကွက်မဲ့သူရှိသလားဆိုတဲ့ အမေးနောက်မှာ.....
တစ်စုံတစ်ယောက်ပြန်ဖြေဖို့ကို မျှော်လင့်နေမိသည်.....
နောက်ဆုံးအချိန်ထိ ယုမိကို ကျွန်တော့ဘဝလက်တွဲဖော် အဖြစ် သတ်မှတ်လို့မရနိုင်တာ ကျွန်တော့ရဲ့အကြီးမားဆုံး
အခက်အခဲတစ်ခုဘဲ.....
ကြိုးစားပါ့မယ်ဆိုတဲ့ စကားတစ်ခွန်းကိုဖြေဖို့
ခြေအစုံကို မယိမ်းယိုင်အောင် ဘယ်လိုအားတင်းပြီး
ပြောရတယ်ဆိုတာ ကျွန်တော်သာအသိဆုံး....
ကျွန်တော်ကြားလိုက်ရတဲ့ အရင်းနှီးဆုံးသောအသံ....
ဟုတ်မှဟုတ်ပါ့မလားလို့ ထင်ခဲ့ပေမဲ့ အသံလာရာ လှည့်ကြည့်လိုက်တော့.....သူမှသူအစစ်.....
ကျွန်တော့ဆီကို ပြေးလာနေတဲ့သူ့ကို ကျွန်တော်
ကြောင်အမ်းစွာ ဒီတိုင်းရပ်ကြည့်နေမိသည်......
"ငဖြိုး........"
သူ့နာမည်သာ ရေရွတ်နိုင်တော့တဲ့ ကျွန်တော့နှုတ်ခမ်းပါးတွေကို သူ့နှတ်ခမ်းတွေနဲ့ အလျင်အမြန် နှုတ်ပိတ်လိုက်တော့သည်...
ထိရုံလေးပါဘဲ တကယ်ကို နှုတ်ခမ်းနှစ်စုံထိရုံခဏလေးက
ကျွန်တော့အား အိပ်မက်ကမ္ဘာကို ခေါ်ဆောင်သွားပြီး....
တိမ်တွေလို လေထဲမှာ တည်ရှိနေရသလို ခံစားရစေသည်....
အဲ့ဒီ့အခိုက်အတန့်လေးက ကျွန်တော့အတွက်
အပျော်ဆုံးအရာလို့တောင် ပြောလို့ရသည်......
ချစ်ရသူရဲ့အနမ်းတစ်ခုကတောင်
ကျွန်တော့ကို ဒီလောက်ထိ ရူးသွပ်စေတယ်လား.....
သားနှစ်ယောက်ကိုကြည့်ပြီး မိခင်နှစ်ယောက်က မူးလဲမတတ်.....ဖခင်နှစ်ယောက်ကတော့ ရှက်လဲရှက်
ဒေါသလည်းထွက်နှင့်....မိမိတို့၏ ဇနီးများ လဲမကျအောင်
ထိန်းထားရသည့်အတွက် သားဖြစ်သူများဆီ မသွားနိုင်။
ESTÁS LEYENDO
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...
