နေ့ခင်း မုန့်စားချိန်ပြီးတော့ ဆရာမတွေက ပုံလေးတွေဆွဲခိုင်းသည်။ ဘဲဥပုံလေးတွေ ခွေးပုံ ကြောင်ပုံလေးတွေပေါ့။ ဟန်သာက ပုံဆွဲတော်ပါတယ်။
ဒါပေမဲ့ ဘဲဥပုံတော့ သူလုံးဝမဆွဲတတ်ဘူး။ ရွဲ့ထိရွဲ့စောင်းနဲ့ဘဲဥပုံက အပေါ်ပိုင်းကနေ တဖြည်းဖြည်းနဲ့ အောက်ပိုင်းအရောက်မှာ ပိုကားသွားရမှာကို
ဟန်သာဆွဲတာက ဝလုံးလို အဝိုင်းကြီး တခါတလေ ဝလုံးလိုတောင်မဝိုင်းဘဲ ရှည်လမျောကြီး။ဖြိုးမင်းသူရက အရမ်းဆရာလုပ်ချင်တဲ့သူဆိုတော့
ဟန်သာရဲ့ ခဲတံကိုယူပြီး ဆွဲပြမယ် လုပ်တာတောင်
ငလည်လေး ဟန်သာက စိတ်ကောက်နေသည်ဆိုတော့
သူ့ခဲတံကို မပေးဘဲ အတင်းကိုကိုင်ထားတာ
ဖြိုးမင်းသူရကလည်း မရမက လုတာဘဲ နောက်ဆုံးတော့လည်း သူဘဲလျှော့ပေးလိုက်ရတာပေါ့
ဟန်သာကလည်း သိသည်လေ သူ့ကိုကို အလျှော့ပေးမှာပါဆိုတာ။ဟန်သာ စိတ်ဆိုးနေရင် ဖြိုးမင်းသူရ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ.... ဟန်သာကချော့လိုက်ရင် စိတ်ပြေသွားမယ် ဆိုတာသိပေမဲ့......ဟန်သာငိုတဲ့အချိန် ချိုချဉ်ကျွေးတာက လွဲပြီး ကျန်တာမလုပ်တတ်။
ခက်တာက ဟန်သာက ချိုချဉ်တွေသာယူသွားတယ် အခုထက်ထိ စိတ်ကောက်မပြေသေးဘူးဆိုတော့ ဘယ်လို ပြန်ခေါ်အောင် လုပ်ရမလဲဆိုတာ
အကြံထုတ်နေရင်း ဆရာမပုံဆွဲခိုင်းတော့ ဟန်သာဘဲဥပုံ မဆွဲတတ်တာတွေ့ပြီး သင်ပေးရင်းနဲ့ ငြိမ်းချမ်းရေး ယူရမယ်ဆိုပြီး လုပ်ငန်းစလိုက်တာ ငနဲဟန်သာက မိမိအားတော်တော် ကောက်နေသည်လားလေ။ ခံတံကိုလုံးဝလွှတ်မပေးတာကြောင့် မိမိဘဲ အလျှော့ပေးလိုက်ရလေသည်။ အကြံမအောင်မြင်တော့ မျက်နှာငယ်လေးနှင့် ဖြစ်နေသော ဖြိုးမင်းသူရ.... အိမ်ကျမှမေမေ စိတ်ဆိုးရင် ဖေဖေသုံးသည့်နည်းလမ်းတစ်ခုကို ဖေဖေ့အားမေးရမည်ဟုသာတွေးတောရင်း....ပုံဆက်ဆွဲနေလိုက်သည်။'တီ....တီ....တီ....တီ'
'ကဲ...ကလေးတို့ အိမ်ပြန်ချိန်ရောက်ပြီ...
အိမ်ရောက်ရင် လုပ်ဖို့ကျန်တဲ့ ဝလုံးရေးတာတို့ ပုံဆွဲတာတို့ကို ဖေဖေ မေမေ တို့နဲ့အတူလုပ်ရမယ်နော်...
ပစ္စည်းတွေကျန်ခဲ့လား သေချာပြန်စစ်ကြ ကလေးတို့...'
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...