🎵🎵Love me like you do
Love Love Love me
like you do 🎵🎵🎵'အာ.......အိပ်လို့ကောင်းနေပြီဆို......
အဲ့ဖုန်းက တမှောင့်...........'ဟန်သာ ဆောင့်ကြီးအောင့်ကြီးနှင့်
ကုတင်ဘောင်ပေါ် တင်ထားသော
ဖုန်းကို ယူကာ ကြည့်လိုက်တော့....Contactမှာ မှတ်ထားသည်က.......
'ပိုင်ပိုင်' ဆိုသော အမည်နာမတစ်ခု........ဖုန်းကိုပြန်ချကာ
ဆက်အိပ်ရန် ဟန်ပြင်လိုက်သော်လည်း
အဆက်မပြတ် မြည်နေသောကြောင့်ဆောင့်ကြီးအောင့်ကြီးနှင့်ပင်...... ကိုင်လိုက်ရလေသည်။
'ဘာလဲ....ပြော.......'
'အမယ်.....လေသံက မာလှချည်လား...သာသာလေးရဲ့.....'
'မင်းအဖေ.....ငါအိပ်နေတာကွ
မင်းဖုန်းသံကြောင့် နိုးလာရတာ လေသံမမာလို့
ငါက ကပ်စေးနှဲလို စေးကပ်ပေးနေရမှာလား......''နာရီကိုလည်းတစ်ချက်ရှိုးလိုက်ဦး
၁ဝနာရီခွဲနေပြီ လူအိပ်ချိန်မှ မဟုတ်တော့တာ....
မင်းသားငါက မင်းအိပ်နေတုန်းမှန်း ဘယ်လိုသိမှာလဲ
လဒရဲ့ .....အိပ်ပုတ်ကောင်.......'ပိုင်ဦးမောင်ပြောမှ
နာရီကို အပြေးကြည့်လိုက်မိသော ဟန်သာ
မျက်လုံးပြူးသွားရသည်....*ဟုတ်သားဘဲ......သူညက တော်တော်နဲ့မှ အိပ်မပျော်ခဲ့တာ......*
'အေး....ငါညကအိပ်တာနောက်ကျသွားလို့......'
'မဟုတ်မှလွဲရော.....မင်းတို့နှစ်ယောက်.....'
'ဟေ့ကောင်.....ဘာမှမဖြစ်ဘူး......လျှောက်မတွေးနဲ့......'
'ငါကရော...ဘာပြောနေလို့လဲ
စာတွေအပြိုင်အဆိုင်ကျက်နေကြတာလားလို့.....
သူ့ဟာသူဘဲ လျှောက်တွေးနေပြီးတော့.....''ပိုင်ပိုင်.....မင်းတော့.....နာတော့မယ်.....
ပြောပါဦး....မင်းငါ့ဆီဘာလို့ဖုန်းဆက်တာလဲ....''ဟာ.....ဟုတ်သား.....မေ့တော့မလို့.....
မင်းအထိုးခံလိုက်ရပြီလား.....ငါဆေးခန်းလိုက်ပြဖို့
လိုသေးလား....မေးမလို့လေ.....ဘယ်လိုလဲ.....
ဒဏ်ရာအများကြီးမရဘူးမလား....''ဘာ......မင်း....ဖုန်းဆက်တာ....အဲ့ဒါမေးမလို့.....
ငါ....ငါနော်....ဖုန်းထဲမှာမို့လို့.....
မင်းသက်သာသွားတယ်မှတ်....အပြင်မှာသာဆို....
ဆေးခန်းသွားရမဲ့သူက မင်းဖြစ်သွားမယ်......'
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...