'အား......အမေရေ
သမီးယောကျ်ားယူမိတာမှားပြီထင်တယ် အမေ့စကားနားမထောင်မိလို့ အခုတော့ အား.....''အား.............'ဒီတစ်ခါအော်သံကတော့
ဖြည်းဖြည်းလုပ်ပါမိန်းမရဲ့ မင်းကလေးမထွက်ခင် ကိုယ့်ဆံပင်တွေအရင်ပြောင်တော့မှာဘဲကွာ''ရှင်ကဘဲပြောရတယ်ရှိသေး.....ကျွန်မကရှင့်ထက်ပိုနာတယ်ရှင့် အား...... ရှင်လုပ်ထားတဲ့ကိစ္စဘဲ ဒီလောက်တော့အနာခံရမှာပေါ့ အား... အမေရေကယ်ပါဦး'
တစ်ဖက်မှာလည်း
'မိန်းမအားတင်းထားနော် ခဏနေရင် နာတာတွေ ပျောက်သွားမှာ မောင်ရှိတယ်နော် မကြောက်နဲ့သိလား'
စိတ်ကိုမနည်းတည်ငြိမ်အောင်ထားပြီးပြောလိုက်သော်လည်းတုန်ယင်နေသောအသံကြောင့်
'ရှင်ပြောတော့လွယ်တယ် ဒီမှာနာတာသေတော့မယ်ရှင့်
အား....အမလေး အမေရေ...မကြောက်နဲ့ဆိုတဲ့လူက ကျွန်မထက်တောင်ပိုဆိုးနေပါရော့လား အား....''မိန်းမစကားအများကြီးမပြောနဲ့ မောင်အပြင်မှာရှိနေမယ်နော်'
မိခင်နှစ်ယောက်မွေးခန်းထဲ ဝင်သွားပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ အဖေနှစ်ယောက်ကတော့
'ဟေ့ကောင်သူရ မင်းအင်္ဂုလိမာလသုတ် ရလားကွ ရရင်ငါ့မိန်းမအတွက်ပါ ရွတ်ပေးစမ်းပါကွာ'
'ငါဘယ်လိုလုပ်ရမှာလဲဟန်ရှိန်ရဲ့ ငါအလုပ်များတာ မင်းသိသားနဲ့ကွာ မကျက်ထားမိဘူး'
'မင်းကကွာ ဒီလောက်အရေးကြီးနေတာကို ဘာလို့မကျက်ထားတာလဲ ဒုက္ခဘဲ'
'ငါ့ကျပြောနေတယ် မင်းကျတော့ရောရလို့လား အတူတူချင်း တမူးသာမနေနဲ့ နေဦး ငါ့ဖုန်းထဲမှာရှိတယ်ထင်တယ် ကြည့်လိုက်ဦးမယ်'
'အေးမြန်မြန်ကြည့် ပြီးရင် ငါ့မိန်းမအတွက်ပါရွတ်ပေးပါကွာ
ငါအိမ်သာသွားလိုက်ဦးမယ်''ဟာမင်းကလည်းအရေးထဲ... '
'သူတို့ကိုကြည့်ပြီး ငါပါဗိုက်နာလာလို့ မရတော့ဘူး ဟီး...ကူညီပါကွာသူငယ်ချင်းရာ ငါသွားပြီ'
'အေးမြန်မြန်သွားပြီး မြန်မြန်ပြန်လာ'
သူပြောချင်ရာပြောပြီးထွက်သွားသော သူငယ်ချင်းဖြစ်သူဟန်ရှိန် နောက်ကျောကိုကြည့်ပြီး သူရသက်ပြင်းချမိသည်။
YOU ARE READING
❤Love is Smiling❤ (Z/U)(Completed)
Romanceအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...