Part 15(Unicode)

2.2K 151 2
                                    

'မင်းတို့နှစ်ယောက် တစ်ယောက်တစ်ချက်စီ နမ်းရမယ်...'

'ဘာ..............'

ပိုင်ဦးမောင်၏ စကားသံအဆုံး...
မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားသော
သူနှစ်ယောက်.....

'ပိုင်ကြီး....တခြားဟာ....ခိုင်းပါလားကွာ.....
နမ်းတာကတော့ နည်းနည်း......'

'မင်းတို့ကလည်းကွာ....သူငယ်ချင်းအချင်းချင်းနမ်းတာဘဲ..
ဘာဖြစ်လို့လဲ......'

'ဒါပေမဲ့........အာ.....'

ရုတ်တရက် ပါးပြင်ပေါ်သို့ ကျရောက်လာသော
နွေးထွေးတဲ့ အထိအတွေ့နဲ့အတူ လည်ချောင်းတစ်လျှောက် ချောက်သွေ့ကာ ပြောစရာစကားတို့ ပျောက်ရှကုန်သည်။

တဒုတ်ဒုတ် ခုန်နေသော ရင်ခုန်သံကို
ကျွန်တော် ထိန်းချုပ်လို့မရတော့........

*ရင်ခုန်လျှင် အချစ်လို့ ကျွန်တော်ကြားဖူးတယ်....
ဒါဆို အခု ကျွန်တော်ရင်ခုန်နေတာက...
ကျွန်တော်....ဟန်လေးကို....ဟန်လေးကိုများ.....

အာ......မဖြစ်နိုင်ဘူး....ဟန်လေးလည်း...ယောကျ်ား...
ကျွန်တော်လည်း ယောကျ်ား...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ*

'ဖြိုးကြီး.....ဖြိုးကြီး.......'

ပိုင်ဦးမောင် ခေါ်သံကြောင့်
ဖြိုးမင်းသူရအတွေးတို့ အဝေးတစ်နေရာသို့ ရောက်နေရာမှ
ပြန်လည် ရောက်ရှိလာလေသည်။

'ဟင်.......'

'ကဲ.....အခုမင်းအလှည့်နမ်းတော့......'

ခက်တော့ခက်နေပြန်ပြီ.......

ဟန်လေးရဲ့ နီရဲနေသောနာရွက်ဖျားလေးကို
ကြည့်မိတော့ ကျွန်တော့စိတ်တွေ လှုပ်ရှားလာပြန်သည်။

သူငယ်ချင်းအချင်းချင်းဘဲ ဘာမှမဖြစ်ပါဘူးလို့
စိတ်ထဲမှာ အားတင်းထားတာတောင် ဟန်လေးကို တို့ထိဖို့အတွက် မဝံ့မရဲဖြစ်နေတာက ကျွန်တော့မှာ....
မရိုမသားစိတ်တွေ ရှိနေလို့လား.....

ဟန်လေးက ဘာမှမဖြစ်သလို နမ်းသွားပေမဲ့.....
အဲ့လို ဘာမှမဖြစ်သလိုတောင် နေလို့မရတဲ့ ကျွန်တော့မှာ
ဘာပြဿနာရှိနေတာလဲ......

ကျွန်တော်အားတင်းရင်း
ဟန်လေးအနားသို့ တိုးကပ်သွားကာ ဆံပင်လေးတွေအုပ်နေတဲ့ နဖူးပြင်ပေါ်သို့ ဒုတိယအကြိမ်
နမ်းမိပြန်တယ် .....

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now