Part 10(Unicode)

2.3K 193 0
                                    

ရုတ်တရက်ပွင့်လာသောတံခါးမှ
ဝင်လာသူကိုတောင် မမြင်နိုင်ဘဲ ဟန်သာပြောသည့်စကားများအောက်မှာ ပိုင်ဦးမောင်တွေဝေနေသည်။ အပြစ်ကြီးတစ်ခုလုပ်ထား၍ ကြောက်နေသည့် ကလေးငယ်ပမာ ပိုင်ဦးမောင်ရှေ့တွင် ဟန်သာတုန်လှုပ်စွာ ရပ်နေမိသည်။

တံခါးကို
သုံးလေးချက်ဆင့်ခေါက်သော်လည်း အထဲမှ ပြန်ဖြေသံမကြားရသောကြောင့် ဝင်သွားမိတော့...
ကုတင်ပေါ်တွင်ထိုင်ကာ ကြမ်းပြင်ကိုစိုက်ကြည့်နေသော ပိုင်ဦးမောင်နှင့် ပိုင်ဦးမောင်ကို ရပ်ကြည့်နေသော ဟန်သာ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အနည်းငယ်တုန်ယင်နေသလားမသိ....

တိတ်ဆိတ်ငြိမ်သက်နေသော အခန်းတွင်းရှိ အခြေအနေတွေအရ တစ်ခုခုမှားနေပြီဆိုတာကို ဖြိုးမင်းသူရသိလိုက်သည်။

'ဟေ့ကောင်တွေ...ဘာတွေဖြစ်နေကြတာလဲ...
မျက်နှာတွေကမသာမယာနဲ့....ရန်ဖြစ်ကြပြန်ပြီလား...ငါ့ကိုပြောပါဦး....'

ဖြိုးမင်းသူရမေးသည်ကို တစ်ယောက်မှပြန်မဖြေနိုင်။ နှစ်ယောက်လုံး၏ မျက်လုံးတို့က ဘေးဘီဝဲရာသို့သာ တောင်စဉ်ရေမရ လိုက်ကြည့်နေလေသည်။
နောက်တခေါက် ပါးစပ်ဟရန် ဟန်ပြင်လိုက်တော့......

'မင်းတို့ ငါ့ကိုဘာလို့ဘာမှမပြောတာလဲ....'

ဒီတစ်ခါ ပြန်လည်ဆွံ့အသွားသူက ဖြိုးမင်းသူရပင်ဖြစ်သည်။
ပိုင်ဦးမောင် ဘာကိုပြောနေမှန်း မသိသည်မို့ နားမလည်နိုင်ဖြစ်သွားသည်။
ဟန်သာ့ကိုကြည့်လိုက်တော့လည်း မျက်လုံးအဝိုင်းသားနှင့် ပိုင်ဦးမောင်ဆီမှအကြည့်တို့ကမခွာသေး....

'ဟန်လေး....ပိုင်ကြီးဘာပြောနေတာလဲသိလား....
အဲ့လိုကြီး နေမနေနဲ့လေကွာ ငါ့ကိုရှင်းရှင်းလင်းလင်းပြောကြပါဦး....'

ပိုင်ဦးမောင်ကပင် ဆက်၍

'မင်းတို့နှစ်ယောက်ဘဲ သိထားတဲ့ကိစ္စ...အခုငါပါသိသွားပြီ...ဟန်သာမှာ
ကြိုက်နေတဲ့ကောင်မလေးရှိမှန်း ဘာလို့ငါ့ကိုမပြောတာလဲ...
ငါကသူစိမ်းလားကွ...မင်းတို့ဘဲသိပြီး ငါကမသိရအောင်...ဘာလဲ ငါ့ကိုပယ်ထားကြတာလား
ပြောစရာမလိုဘူး ဆိုတဲ့သဘောလား ဟုတ်လား.....'

❤Love is Smiling❤  (Z/U)(Completed)                            Where stories live. Discover now