အိမ်ပြန်ရောက်တော့ အကိုဖြစ်သူ၏
သာယာနာပျော်ဖွယ် မကောင်းသော အသံနှင့် ရင်ဆိုင်ရလေသည်။"ဟဲ့.....မေနှင်း...နင်ဘယ်တွေသွားနေတာလဲ...."
"အပြင်လေ...ကိုကိုမှ လိုက်မပို့ပေးတာ
ကိုဖြိုးတို့နဲ့သွားတာ....""ဘယ်လိုဖြစ်ပြီး သူတို့နဲ့သွားတာလဲ....."
"ညီမလေး ဖုန်းလှမ်းဆက်လိုက်တာ hee...."
"ငါ့ကိုနည်းနည်းပါးပါး အကြောင်းကြားပြီးမှ
သွားပါလား...ဖုန်းဆက်တော့လည်း ဖုန်းကမကိုင်ဘူး....
နင်လျှောက်သွားလို့တစ်ခုခုဖြစ်ရင် ငါ့အပြစ်လာမှာ...."ပိုင်ဦးမောင်၏စကားကို စိုးရိမ်တတ်ရန်ကောဆိုသည့်
အကြည့်ဖြင့် မေနှင်းကကြည့်သည်။ ဒါနဲ့တင်မပြီးသေး...."နင်ရန်ကုန်မှာ ကျောင်းတက်လို့ရအောင် ငါကဝိုင်းပြောပေးထားရတာ နင်သာတစ်ခုခုဖြစ်ကြည့်
ငါ့အမေရော နင့်အမေငါ့အဒေါ်ကရော ဝိုင်းပြောကြမှာ...
€$¥$£#&×£;×£&$&"အကိုဖြစ်သူပိုင်ဦးမောင်၏ ပေါက်ပေါက်ဖောက်သံကို
ကြာတော့ မေနှင်း နားမခံနိုင်တော့ပေ။"တော်ပါတော့ ကိုကိုရယ်...အခုလည်းမေနှင်းဘာမှ
မဖြစ်ပါဘူး....စုံစမ်းစရာရှိလို့သာသွားတာ...."မေနှင်းစကားကို ပိုင်ဦးမောင်နားမလည်.....
"ဘာစုံစမ်းစရာလည်း........"
မေနှင်းကသူ့မေးစေ့ကို လက်ဖြင့်ပွတ်ရင်း
ဆရာကြီးစတိုင်ဖြင့်ပြောသည်။"ကိုကို.....
ကိုဖြိုးနဲ့ အကိုဟန်သာက မရိုးဘူးမလား.....""ဘာ....ဘာမရိုးတာလဲ....."
"ကိုကို မသိခြင်ထောင် ထောင်မနေနဲ့....ညီမလေး
အကုန်သိပြီးပြီ.....ကိုဖြိုးနဲ့အကိုဟန်သာက
ရိုးရိုးသူငယ်ချင်းထက် ပိုတယ်မလား....."*မေနှင်းက ဘယ်လိုသိသွားရတာလဲ...ဟန်သာများ
ပြောပြတာလား..မဖြစ်နိုင်ဘူး...သူကဘာလို့ပြောမှာလဲ*"နင်...နင်ဘယ်လိုလုပ်သိတာလဲ....."
အကိုဖြစ်သူ၏ အံဩနေပုံနှင့် စကားအသွားအလာများအရ
မေနှင်းအထင် ၁၀၀%သေချာသွားပြီဆိုတာ သိလိုက်သည်။
ŞİMDİ OKUDUĞUN
❤Love is Smiling❤ (Z/U)(Completed)
Romantizmအချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်မယ်။ ကျွန်တော့်အတွက်ကတော့ Love is smiling Boy love(own creation) အချစ်ဆိုတာ ဘာလဲလို့မေးတဲ့အခါ သူများတွေကတော့ ပေးဆပ်ခြင်း(ဒါမှမဟုတ်)ရယူခြင်းစသဖြင့်ပြောကြလိမ့်...