1

21 0 0
                                    

အပြာနုရောင်မိုးကောင်ကင်ရဲ့ အောက်မှာ ပူပြင်း
သော နေမင်းအား အံ့တုပြီး နှောင်ကြိုးမဲ့ သူလိုချင်
တဲ့ စာအုပ်ကို ဗိုလ်ချုပ်အောင်ဆန်းလမ်း တစ်
လျှောက် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်လိုက်ရှာနေသည်

ဒီနေ့မှ အဝေးသင် မဟာ စာအုပ်တွေဟာ ရှားပါး
လွန်းနေသည်လား မပြောတတ်ခဲ့ ဘယ်နေရာမေး
မေးကုန်နေသည်ကများသည် ~

လေပူတစ်ချက်ကို မှုတ်ထုတ်ရင်း သေလောင်အောင်
ပူနေသော နေမင်းအား ပေစောင်းစောင်းဖြင့်တစ်ချက်
မော့ကြည့်ကာ မိုးလေးများရွာလေးမလားလို့  မျော်
လင့်မိပါသည် ~

5လပိုင်းကုန်ရောက်သည့်တိုင် ဘယ်အညိုးတွေကြောင့်
များ နွေရာသီကနေ ရုန်းမထွက်ရတာလဲ ?

ကျော်ကြီးစာပေ *

" အမ မဟာ အဝေးသင် တတိယနှစ် စီးပွားရေး
ရှိလား "

" မဟာ တတိယနှစ်ရှိသေးလား "

ကောင်တာက အမကြီးက သူ့စကားကို တစ်ဆင့်ခံ
ဖြင့်ဆိုင်ထဲက အလုပ်သမားတွေကိုမေးလိုက်သည် !!

" ရှိတယ်တဲ့ မောင်လေး "

" ဟုတ်ကဲ့ ဒါဆို ဘယ်လောက်လဲ "

" ၁၂၀၀ ပါ "

အစိမ်းနုရောင် မဟာ စာအုပ်လေးကို နှောင်ကြိုးလှန်လှော်
ကြည့်လိုက်သည် ပြောရရင်အထဲက စာတွေကိုသိသည်
တော့မဟုတ် ပထမနှစ်ဝက် ဒုတိယနှစ်ဝက် ပါလား
ကြည့်ခြင်းပါ !! ငြိမ်း စာအုပ်တွေက သက်သက်ထုတ်
ပေမဲ့ မဟာကတော့ ပေါင်းထုတ်သည့်ပုံ ဒါကြောင့် သူ့
လက်ထဲက မဟာစာအုပ်လေးကို လွယ်အိတ်ထဲထည့်
ကာ ကောင်တာက အမကြီးကို ၁၂၀၀ လှမ်းပေးလိုက်
သည် ~

၂ နာရီဟူသော နေပူချိန် နဲ့ အတူ စာအုပ်ရတာတောင်
နှောင်ကြိုးတစ်ယောက် ဆူးလေဘက်ကိုလမ်းပြန်
လျောက်ကာ YBS ကိုတိုးစီးရဖို့ ကို တွေးရင်း တွေ့
တဲ့နေရာမှာ ထိုင်သာနေချင်တော့သည်

" တက်ရဦးမယ် ဟူး ~~~~ "

ကားကူးတံတား ကိုတက်ပြီး အဲ့ကတစ်ဆင့် ဆူးလေ
ရဲ့ ကားမှတ်တိုင်တွေကိုရောက်တော့သည် ~ နွေရာသီ
မှာ အပြင်ထွက်ရတာ တကယ့်ကို ဝဋ်တစ်မျိုး ~

သူသာလျှင် သူသည်သာ ကျွန်တော်၏ ပဲ့ကိုင်ရှင်Where stories live. Discover now