သူတစ်ညလုံးအိပ်မရခဲ့ဘူး ~ ဟုတ်လား မဟုတ်ဘူး
လားဆိုပြီး သူတို့နှစ်ယောက်ရန်ဖြစ်ရမှာလည်း သူ
မလိုလားခဲ့ဘူး !! သေချာတာကတော့ သူကို့ဆီက
သေချာတဲ့အဖြေတစ်ခုတော့လိုချင်သည် ~မနက် 9:00 ကျော်တဲ့အထိ သူ့အခန်းထဲကမထွက်
ဖြစ်သေး ~~ သူ့PH ထဲလာနေသော Miss
call ပေါင်းများစွာကို သူလစ်လျူရှုလိုက်သည် !!
ဘယ်လောက်ပဲ မယုံကြည်ဘူးဟု လိမ်ညာနေသော်
လည်း သူအရမ်းဒေါသထွက်မိသည် ~~ မနည်း
စိတ်ကို အေးဆေးအောင်ထားရတာ ထင်သလောက်
တော့မလွယ်ကူခဲ့ဘူး !!ကျွီ ~~~~ အခန်းတံခါးပွင့်လာတာကြောင့်
နှောင်ကြိုးမဲ့ တစ်ချက်လှည့်ကြည့်တော့ သူပိုပြီး
ဒေါသထွက်လာသည် ~~ ဒါပေမဲ့ သူဘာမှတော့
မပြောဘူး !!" ကိုယ့် ph ကိုဘာလို့မကိုင်တာလဲ "
" မအားလို့ ဘယ်သူတံခါးဖွင့်ပေးတာလဲ "
" မင်းမဏ္ဍိုင် ကြိုးဘာဖြစ်နေတာပဲ "
" အကို မင်းမဏ္ဍိုင် ဆေးရုံမသွားသေးဘူးလား ?
အတော်ပဲ ရှင်းစရာ ရှိတယ် "အရင်ကနဲ့မတူပဲ ခက်ထန်နေသော မျက်နှာထားနဲ့
နှောင်ကြိုးကြောင့် ရောင်ပြန်လင်း ဘာဖြစ်ထားတာ
လဲ စဉ်းစားမရဘူး !! ပြီးတော့ မင်းမဏ္ဍိုင်နဲ့ ရှင်း
မယ်ဆိုပြီး အပြင်ကိုထွက်သွားသော ~ နှောင်ကြိုး
အနောက်ကို သူလိုက်သွားသည် ~~ မဟုတ်မှလွဲ
ရော ဟိုတစ်ယောက် အကုန်ပြောပြလိုက်တာတော့
မဟုတ်ပါဘူးနော် ကျစ် !!!!" အကို ကျွန်တော်ဝင်လာလို့ရမလား "
မင်းမဏ္ဍိုင်အခန်းတံခါးကို ခေါက်ကာ နှောင်ကြိုး
ပြောလိုက်တာကြောင့် မင်းမဏ္ဍိုင် တံခါးလာဖွင့်
ပေးတော့ အနောက်က ရောင်ပြန်လင်းကြောင့်
သူသက်ပြင်းကို ခပ်ဖွဖွ ချလိုက်မိသည် !!" ကို ကျွန်တော် တစ်ခုပဲ မေးမယ် ~ ကို ကျွန်တော့်
ကိုချစ်သေးရဲ့လား ? "" ကြိုး ဒါကိုယ်တို့ကိစ္စလေ ဘာလို့သူများအခန်း
မှာလာပြောနေရတာလဲ "" ဘာလို့လဲ အကိုမင်းမဏ္ဍိုင် ကြားမှာစိုးလို့လား "
" မဟုတ်ဘူး !! မင်းကိုယ့်ကို မယုံတာကိုဒေါသ
ထွက်တာ "