5 ရက်သာကုန်လွန်သွားသည် ရောင်ပြန်လင်းတစ်
ယောက် သံရုံးစာမေးပွဲနီးနေသော်လည်း စာကို
သေသေချာချာ မကြည့်ဖြစ်ဘူး တစ်နေ့တစ်နေ့
သူ့စိတ်တွေဟာ ဟိုရောက်လိုက် ဒီရောက်လိုက်
ဖြင့် အလုပ်ရှုပ်နေသည် ~ ချစ်စရာကောင်းပြီး
လှတဲ့ ကြိုးကို သူချစ်ဖို့ကြိုးစားလေ ပိုပြီး
မင်းဏ္ဍိုင် မျက်နှာကြီးမြင်ယောင်လာလေဖြစ်
နေသည် ~~ သူတို့နှစ်ယောက် ရဲ့ခန္ဓာကိုယ်
ကအတူတူလောက်ပဲ နှစ်ယောက်စလုံးက
ခပ်ပိန်ပိန်မို့ ရောင်ပြန်လင်း ခမျာ လေ့ကျင့်ခန်း
ပဲလုပ်ရတော့မလိုလို သို့ပေမဲ့ သူ့အရပ်လေး
က နည်းနည်းရှည်လို့တော်သေး !!အား ~~~~ ကြာရင် ရူးတော့မယ် !!
internet ထဲကြည့်ပြန်တော့လည် Top တွေ
Buttom တွေ uke တွေ seme တွေနဲ့
ရှုပ်နေတာပဲ !! အချစ်မှာ ဘာမှမလိုဘူးက
ပါသေးသည် ~ Top တစ်ယောက်က ဘယ်
လိုလုပ် Bottom ဖြစ်နိုင်မှာလဲ ?? ဆိုတဲ့
comment ကြောင့် စိတ်ဓာတ်အကြီးအ
ကျယ်ကျသွားသည် ~ သူသာ ကြိုးကိုလမ်း
ခွဲပါက မင်းဏ္ဍိုင်က ကြိုးကိုဖွင့်ပြောမှာအသေ
အချာမို့ သူ့ခမျာ ဆုပ်လည်းဆူး စားလည်း
ရူးပဲ !!စာအုပ်တွေမွစာကျဲနေတဲ့ ရောင်ပြန်လင်းအခန်း
ကကြွက်သိုက်တစ်ခုလိုပဲ ဖြစ်နေသည် ~" သားရေ အမတင်တင်ရီရဲ့ တူလေးလာတယ် "
ဟာ !! ကြိုးလိုက်လာတာလား ?? ရောင်ပြန်လင်း
အသည်းအသန် စာအုပ်တွေ အမြန်စီကာ ပုဆိုး
နဲ့ အကျီင်္ကို သေသေချာချာ ဝတ်လိုက်သည် ~" ကြိုး ~ ကိုယ့်ကိုလွမ်းလို့လား "
သူ့အခန်းထဲဝင်လာသော နှောင်ကြိုးမဲ့ကို
ရောင်ပြန်လင်း ပွေ့ဖက်လိုက်သည် ~~" အင်း ~~ ကို က လာတောင်မတွေ့ဘူး
နော် ကျွန်တော့်ကို နေနိုင်တယ် "" နောက်အပတ်ကိုယ့်စာမေးပွဲဆိုတော့ ကြိုး
ကို တွေ့ဖို့အချိန်မရှိဘူး အမေက စာကျက်ဖို့
ကြီးပဲ ကိုယ့်ကိုပြောနေတာ "" အခုရော စာသေချာ လုပ်ရဲ့လား ?? အောင်
အောင်ဖြေနော် "" အင်း ~~~ အရမ်းလွမ်းနေတာ ~ "