10

4 0 0
                                    

ဘဝဟာ ပြဇာတ်တစ်ပုဒ်လိုတော့ ဇာတ်သိမ်းမလှနိုင်သလို
နေ့ရက်တိုင်း ပျော်ရွှင်နေရသည်လည်း မဟုတ်ပါ

လက်တွေ့ဆန်သော ပိုပြီးလက်တွေ့ကျခြင်းတွေ
ငါ့ဆီရောက်လာသောအခါ ငါ့ကိုပိုပြီး ထွေးဖက်
ပေးပါ ~ စိတ်ဓာတ်ကျတတ်သော ငါ့ကို ခွန်အား
တွေပေးပါ ~ ပြီးတဲ့နောက် ငါ့ကိုချစ်တယ်ပြောပါ~

*************************

ရောင်ပြန်လင်း နှောင်ကြိုးအိမ်ကနေထွက်သွားပြီးနောက်
သူတို့နှစ်ယောက် Ph ထဲမှာစကားရုံကလွဲ၍ အပြင်မှာ
မတွေ့ဖြစ်တော့ပါ ~ ဒေါ်သင်းဆွေ တို့ကို ရန်ကုန်
အနှံလိုက်ပို့ပေးရတာနဲ့ နှောင်ကြိုးသည်လည်း နေ့တိုင်း
မအားလပ်ခဲ့ပါ ~~ တစ်ပတ်ဆိုတဲ့အချိန်ကုန်သွားတဲ့
နောက်မှာတောင် ဒေါ်သင်းဆွေတို့က မပြန်သေးတာ
ကြောင့် နှောင်ကြိုး ဘယ်လိုမှ အပြင်ထွက်လို့ မရဘူး
ဖြစ်နေသည်~~

" နှောင်ကြိုး ~ ဒီမှာဘာလုပ်နေတာလဲ "

" ထိုင်နေတာလေ ! "

ခြံထဲက ဒန်းလေးမှာထိုင်နေတဲ့ နှောင်ကြိုး ကို
ထိုင်နေတာမြင်နေတာကို ဘာလုပ်နေလဲပေးတဲ့
မင်းမဏ္ဍိုင်ကို နှောင်ကြိုး ဘုကလန့် ဖြေလိုက်သည်

" ဒီနေ့ သင်တန်းမသွားရဘူးလား "

" အင်း ~ ပိတ်တယ် ဒါနဲ့ အကိုမင်းဏ္ဍိုင် က
အိမ်ရှာလို့ရပြီလား "

မင်းဏ္ဍိုင် နှောင်ကြိုးမဲ့ ဘေးနားကိုဝင်ထိုင်လိုက်ရင်း
စကားကိုဆက်ပြောသည်

" ကြီးကြီးတင်တင်ရီက ကိုယ့်ကိုဒီမှာပဲနေခိုင်းနေတယ်
နှောင်ကြိုး ကရော ဒီမှာ နေစေချင်လား "

" ဒါကတော့ ကြီးကြီးသဘောလေ ဒါကျွန်တော့်
အိမ်မှာမဟုတ်တာ "

" အင်းးးးကိုယ်သာဒီမှာနေရင် မြောက်ဥက္ကလာဆေး
ရုံ နဲ့လည်းနီးတယ်လေ ကြီးကြီးတင်တင်ရီလည်း
အိမ်လခရတာပေါ့ "

နှောင်ကြိုးဘာမှမပြောပဲငြိမ်နေလိုက်သည်~ပြောရ
မယ်ဆို သူဝင်ပြောရမဲ့ကိစ္စလည်းမဟုတ်ဘူးလေ
ကြီးကြီးသာခွင့်ပြုရင် သူကဘာပြောလို့ရမှာလဲ ??
သေချာတာကတော့ ကြီးကြီးက အလကားနေရင်း
ပိုက်ဆံရမယ့် ကိစ္စတစ်ခုကိုလက်မလွှတ်ဘူးဆိုတာပဲ
မေမေ ကလည်း ပုံစံကြည့်ရတာ သော်သော်ဇင်နဲ့
သဘောအတင်းတုနေတဲ့အတွက် အကိုမင်းဏ္ဍိုင်ကို
ဒီမှာနေခိုင်းမှာပဲ !!!

သူသာလျှင် သူသည်သာ ကျွန်တော်၏ ပဲ့ကိုင်ရှင်Where stories live. Discover now