6

1 0 0
                                    

နှောင်ကြိုးမဲ့ ဆီ မနက်မိုးမလင်းသေးဘူး ဖုန်းဆက်
သော သော်သော်ဇင်ကြောင့် သူ 5:00 ထဲက ပြန်
အိပ်မရတော့ပါ ~ ဒါကြောင့် စာအုပ်ဘီဒိုထဲက
ဝတ္တုစာအုပ်လေးတစ်ခုကို ယူကာ နှောင်ကြိုး ဖတ်ဖို့
သူ့မျက်မှန်အဝိုင်းလေးကို တပ်ပြီး အိပ်ရာပေါ် ကျကျ
နန နေရာယူကာ ပထမ စာမျက်နှာကို စလှန်လိုက်
သည် ~

လူတစ်ယောက်ဟာကိုယ့်ကို
နက်နက်ရှိုင်းရှိုင်း ချစ်နေသည်ဆိုလျှင်
အားအင်တွေ ဖြစ်စေပြီး
ကိုယ်က လူတစ်ယောက်ကို
နက်နက်ရှိုင်းရှိုင်း ချစ်မိသည်ဆိုလျှင်
သတ္တိတွေရှိနေတယ် ~~

ဒီစကားဟာမှားသည် ဟု ပညာရှိလောင်ဇူ ပြောသော
စကားကို နှောင်ကြိုး မထောက်ပြချင်ပါ သို့သော်
လူတစ်ယောက်ကို နက်နက်ရှိုင်းရှိုင်း ချစ်မိတိုင်း
သတ္တိမရှိနိုင်ပါဘူး ဘာလို့ဆို မေတ္တာဆိုတာ အသွား
သာရှိပြီး အပြန်မရှိခဲ့ပါက အဲ့လူက သတ္တိရှိပါ့မလား ?

ဂျောက် ~~~~ ရုတ်တရက်ကြားလိုက်ရတဲ့ တံခါး
ဖွင့်သံကြောင့် နှောင်ကြိုး သူ့ဘေးနားက မီးအိမ်လေး
ကို အမြန်မီးပိတ်ကာ အိပ်ချင်ယောင်ဆောင်လိုက်သည်

အခန်းထဲဝင်လာတဲ့ ခြေသံဟာ သူ့အနားရောက်လေ
သူပိုပြီးတုန်ရီလာလေပဲ သူခိုးလား လူသတ်သမား
လားဆိုတာလားဆိုပြီး တစ်ခုခုဆို ဘယ်နေရာက
ထွက်ပြေးနိုင်မလဲဆိုကာ နှောင်ကြိုးတွေးနေမိသည်

သိမ့်ခနဲ့ဖြစ်သွားသော ကုတင်ကြောင့် ဘေးနားမှာ
ထိုလူထိုင်လိုက်တာ သူသိလိုက်ပါသည် !! ရုတ်တရက်
ကျက်သီးတွေထလာတာကြောင့် မကောင်းဆိုးဝါးများ
ဝင်လာသလားဆိုပြီး နှောင်ကြိုး ဘုရားသာတနေ
တော့သည် ~~

အလင်းရောင်တောင်မလာသေးသော ကောင်းကင်
ကြောင့် လမ်းမက မီးတိုင်များရဲ့အလင်းရောင် ခပ်
ပြေးပြေးလေးဟက်နေသော အခန်းထဲမှာ အဖြူရောင်
Angle တစ်ပါးဟာ လမင်းရဲ့အလင်းရောင်ကို ခံယူ
ကာ အိပ်မောကျနေသည် !! တစ်လက်လက်တောက်ပ
နေသော ကြယ်စင်တွေဟာ မိုးသောက်ယံမှာအ
စွမ်းကုန်ထွန်းလင်းကာ အလှဆင်နေကြသည် ~

ရောင်ပြန်လင်း သူ့အရှေ့က နှောင်ကြိုးမဲကို ပြုံးရင်း
စိုက်ကြည့်နေသည် ~ ခပ်ပျော့ပျော့ ဆံနွယ်တွေ
မျက်နှာပေါ်ကို ခပ်အုပ်အုပ်လေးကျနေကာ ကလေး
တစ်ယောက်လို ဖြူစင်စွာ အိပ်နေသော ဒီကောင်
လေးဟာ တစ်ချိန် သူ့ရဲ့ မနက်ခင်းတွေအတွက် တေး
ဆိုငှက်လေး ဖြစ်ခဲ့ပါလျှင်ဆိုတဲ့ အတွေးလေးတွေနဲ့
အတူ နှောင်ကြိုးမျက်နှာပေါ်က ဆံပင်တွေကိုသပ်
တင်လိုက်သည် ~~

သူသာလျှင် သူသည်သာ ကျွန်တော်၏ ပဲ့ကိုင်ရှင်Where stories live. Discover now