2

5 0 0
                                    

2လ ဆိုသောအချိန်ယန္တယားကို စက္ကန့် တွေတိုက်
စားပြီး ကုန်ဆုံးသွားချိန် နေမင်းဟာလည်း သိပ်ကို
မထွန်းလင်းနိုင်တော့တဲ့ မိုးရာသီကို ကူးပြောင်း
လာခဲ့သည် ရွက်ဟောင်းကြွေလို့ ရွက်သစ်ဝေ
ချိန် အစိမ်းနုရောင် သစ်ရွက်လေးတွေဟာ လောက
ကြီးထဲကို အညွှန့်တလူလူဖြင့် စတင် ခြေချနေချိန်
ဖြစ်သော မိုးရာသီအချိန် နိုဝင်ဘာလ ၏ အစပိုင်း
3 ရက်နေ့ညနေ၌

နှောင်ကြိုး နေထိုင်သော မြောက်ဥက္ကလာပတွင်
လေပြင်းတွေတိုက်ခက်ကာ မိုးသည်းထန်စွာရွာ
နေတယ် ထုံးစံအတိုင်း မိုးလာရင်မီးပျက်နေကြ
ဖြစ်သော မြန်မာနိုင်ငံကြီးက EPC သမားများ
သည် အလွန်ကို စေတနာကောင်းသည်ဟု
တွေးမိပါသည် ~

နှောင်ကြိုးမဲ့ တစ်ယောက် 200 တန်ဖယောင်းတိုင်
ဝတုတ်လေးတစ်ချောင်းကို ကိုင်ကာ လှေကားကနေ
အောက်ထက်ကိုဆင်းနေသည် ~ ညနေ 6:30 ဖြစ်
သော်လည်း ရွာနေသောမိုးကြောင့် ညနက်ချိန်ကဲ့
သို့ဖြစ်နေပြီး ကောင်းကင်ကြီးဟာ အမှောင်ကျကာ
အေးစက်စက်နိုင်လှသည် ~~

" အကို ~ ဒေါ်ကြီးထားရော "

အမှောင်ထဲမှာထိုင်နေသော ရောင်ပြန်လင်းကို နှောင်ကြိုး
မေးလိုက်တော့

" ဒေါ်ကြီး အခန်းထဲမှာ ရှိပါတယ် "

" သြော် ~ ဒီမှာတစ်ယောက်ထဲဘာထိုင်လုပ်နေတာ
လဲ ခြင်မကိုက်ဘူးလား အခန်းထဲဝင်နေလေ "

" မိုးရွာတာကြည့်နေတာ ညီရော~ မိုးကို ချစ်လား "

ခပ်ဆွေးဆွေးလေး အပြင်ကမိုးစက်တွေကိုလှမ်းကြည့်
ကာ ရောင်ပြန်လင်း မေးလိုက်သော စကားကြောင့်
နှောင်ကြိုး အဖြေတစ်ခုကို စဉ်းစားတယ် ~~

" ရာသီဥတုတိုင်းမှာ သူတို့ရဲ့ကောင်းကွက်တွေ
ကိုယ်စီရှိတယ်လို့ထင်တယ် ကျွန်တော်ကတော့
နှင်းတွေကိုချစ်တယ် အကို သိတဲ့အတိုင်း ဒီမှာက
နှင်းမကျဘူးလေ "

" ညီက ဒါဆို နှင်းတွေမတွေ့ချင်ဘူးလား "

" တွေ့ချင်တာပေါ့ ကျွန်တော် ဘွဲ့ရပြီးရင် ဂျပန်ကို
သွားကြည့်ချင်တယ် အကို စဉ်းစားကြည့်လေ sakura
ပန်းတွေနဲ့  နှင်းမှုန်တွေက လိုက်ဖက်တယ် မထင်ဘူး
လား "

သူသာလျှင် သူသည်သာ ကျွန်တော်၏ ပဲ့ကိုင်ရှင်Where stories live. Discover now